အင်ဂျန်းယန်မြို့၌ ဒေသခံပြည်သူများအား မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေ ပြုဗဟိုဌာန (Community Centre)၌ ယမန်နေ့ နံနက်(၉)နာရီတွင် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။

ဘားအံမြို့၌ ရေဘေးစခန်းများရှိ အိမ်ထောင်စုများ မိမိနေအိမ်သို့ ပြန်လည်နေထိုင်

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် မြို့ပေါ်အနိမ့်ပိုင်း ရပ်ကွက်များရှိ အိမ်ထောင်စု များအား ယာယီရေဘေးစခန်းများတွင် နေရာချထားပေးခဲ့ရာ ယမန်နေ့က ရေဘေးစခန်းများရှိ အိမ်ထောင်စုများ မိမိနေအိမ်သို့ ပြန်လည်နေထိုင်ကြသဖြင့် ယာယီရေဘေးစခန်းများ လျော့နည်း သွားကြောင်း သိရသည်။

လှိုင်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေး

လှိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပ ပြုလုပ်မည့်အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများအား အဆင်ပြေစွာ မဲပေးနိုင်ရေးအတွက် နိုင်ငံသား စိစစ်ရေး ကတ်ပြားမရှိသူများအား အမှတ် (၁၄) ရပ်ကွက်အမှတ်(၁) စစ်​ကြော​ရေးနှင့် တည်းခို​ရေးစခန်းတွင် ယမန်နေ့၊ နံနက်ပိုင်းက နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပြုလုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။

မင်းဘူးမြို့တွင် နှား​ခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု ဆောင်ရွက်တဲ့အနေဖြင့်

COVID-19 ရောဂါကာကွယ်ရေး နှာခေါင်းစည်း(masks)များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းများ ပူးပေါင်းဆောင်ရွက်

COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးအတွက် အိမ်အပြင်ထွက်သွားလာသူ ပြည်သူများ မဖြစ်မနေ နှာခေါင်းစည်း(mask)များ တပ်ဆင်သွားလာရေး အသိပညာပေးဆော်ဩခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့အားကစားကွင်း(ယာယီ)ဈေးနေရာတွင် ပြုလုပ်ခဲ့သည်။

လပွတ္တာ၌ မီးသတ်တပ်ဖွဲ့မှ အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ ခရိုင် လပွတ္တာမြို့တွင် နေထိုင်သူ မိဘ ပြည်သူများအတွက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ မော်တော်ယာဉ်ဖြင့် လှည့်လည်၍ အသိပညာပေး နှိုးဆော်ချက်များကို ယနေ့နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ကာလိမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၈)နာရီ အချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့မှ မြို့မဈေးရှေ့၊ ပြည်ထောင်စုလမ်းမကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုက‌ရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ယမန်နေ့ က ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ် ခဲ့သည်။

ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး Mask Campaign ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် နေအိမ်အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း(Mask)များ မဖြစ်မနေ တပ်ဆင်ကြရန် အသိပေးပြောကြားခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက်ပိုင်းက လူစည်ကားသည့်နေရာများတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to