ဆွမ်ပရာဘွမ်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုး၊ မြို့နယ်လုပ်ငန်းအရေးအသွေးစစ်ဆေးရေးအဖွဲ့၊ မြို့စည်ပင်သာယာရေးကော်မတီ နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မိတ္ထီလာမြို့နယ်တွင် Cash For Work စီးမံကိန်းဖြင့် ကျေးရွာ ၂၀ တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့် အလှမ်းရရှိစေရန် Cash For Work စီးမံကိန်းဖြင့် ကျေးရွာ (၂၀)တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

တုံတာမြို့၌ ကိုဗစ်-၁၉ရောဂါ စီးပွားရေးကုစားမှုအစီအစဉ်အရ မျိုးစေ့ထုတ်စိုက်ခင်းအား မျိုးကွဲနုတ်ပယ်ခြင်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့၌ နိုင်ငံတော်အစိုးရ၏ ထောက်ပံ့မှုဖြင့် ကိုဗစ်-၁၉ရောဂါ စီးပွားရေးကုစားမှု အစီအစဉ်အရ မျိုးစေ့ထုတ်စိုက်ခင်းအား မျိုးကွဲနုတ်ပယ်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက တုံတာမြို့ရပ်ကွက်-၄ရှိ တောင်သူ ဒေါ်နန်းကောင်ရှဲန်၏ ရွှေရင်အေးမျိုးစေ့ထုတ်စိုက်ခင်း၌ ကွင်းဆင်းဆောင်ရွက် ခဲ့သည်။

မော်လမြိုင်မြို့တွင်သတ်မှတ်နေရာများ၌အသွားအလာကန့်သတ်ထားရှိမည်

မွန်ပြည်နယ်မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀)မြို့နယ် ဆောင်နှင့်ပညာရေး ကောလိပ်သို့ ယမန်နေ့ညနေပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှ တစ်ဆင့် ဝင်ရောက် လာသောနေရပ်ပြန်(၁၀၄)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများကလက်ခံ၍အဖျားတိုင်းခြင်း ၎င်းတို့တည်းခို မည့် အဆောင်များသို့နေရာချထားပေး ကြောင်းသိရသည်။

ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် မဲ​ပေးနိုင်​ရေး နိုင်ငံပြင်ပ​ရောက်ရှိ​နေ​သူများ၏ တောင်းခံလွာ​ပုံစံ(၁၅)များကို ရပ်​/​ကျေး ကော်မရှင်များမှ ပုံစံ (၁-၃)ဖြင့် ပြုစုနိုင်​ရေးအတွက် ပုံစံများဖြန့်​ဝေ​ပေး

​မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ၇ရက်​နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုက​ရေစီ အ​ထွေ​ထွေ ​ရွေး​ကောက်ပွဲ၌ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲ​ပေးနိုင်​ရေးအတွက် နိုင်ငံပြင်ပ​ရောက်ရှိ​နေသူများ၏ တောင်းခံလွှာ ပုံစံ(၁၅)များကို ရပ်ကွက်/​ကျေးရွာ​ကော်မရှင် အဖွဲ့ခွဲဝင်များမှ ပုံစံ(၁-၃)ဖြင့်ပြုစုနိုင်​ရေး ပုံစံများ​​ပေးအပ်ပွဲကို ယ​နေ့နံနက်၁၀နာရီက အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊အစည်းအ​ဝေးခန်းမ၌ပြုလုပ်သည်။

ချီဖွေမြို့နယ်၌ အာဟာရဆိုင်ရာ ဉာဏ်စမ်းဆုပေးပွဲနှင့် ဆေးလိပ်၊ ဆေးရွက်ကြီးကင်းစင်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၌ အာဟာရဆိုင်ရာ ဉာဏ်စမ်းဆုပေးပွဲနှင့် ဆေးလိပ်၊ ဆေးရွက်ကြီး ကင်းစင်ရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲက ချီဖွေ(အ.ထ.က) ကျောင်း မေခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ချီဖွေမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အသက်မွေးဝမ်းကြောင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှု ပံ့ပိုးခြင်းသင်တန်း ပို့ချနိုင်ရန် အဖွဲ့ဖွဲ့စည်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၌ ဒိုင်းဖိန်းလူမှုရေးလုပ်ငန်းအဖွဲ့မှ မြို့ပေါ်ရပ်ကွက် အတွင်းရှိ လူငယ်များအား အသက်မွေးဝမ်းကြောင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှု ပံ့ပိုးခြင်း သင်တန်းပို့ချ နိုင်ရန်အတွက် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းခြင်းကို သြဂုတ်လ ၂၆ ရက်နေ့ နံနက် (၉) နာရီခွဲ အချိန်တွင် အ.မ.က (ဥက္ကပ်)ကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

ဆောမြို့နယ်တွင် CERP အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူ ၁၆၆ ဦးအားပထမအကြိမ် ထောက်ပံ့ငွေများပေးအပ်

မကွေးတိုင်းဒေသကြီး၊ဆောမြို့နယ်၊အညာကတင်းကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ပထမအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက အညာကတင်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။

မိုးကုတ်မြို့နယ်တွင် အမျိုးသားအဆင့်စေတနာ့ ဝန်ထမ်း ဦးဆောင်အဖွဲ့၏ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မိုးကုတ်မြို့နယ်တွင် အမျိုးသားအဆင့် စေတနာ့ ဝန်ထမ်းဦးဆောင်အဖွဲ့၏ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို မိုးကုတ်မြို့နယ် ကိုးကန့်စာပေ နှင့်ရိုးရာ ယဉ်ကျေးမှုခန်းမ၌ ယနေ့မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။
Subscribe to