ရွှေသောင်ယံ ချောင်းသာကမ်းခြေမြို့များတွင် ၂၄ နာရီလျှပ်စစ်ဓါတ်အားစတင်ရရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းရှိ ရွှေသောင်ယံမြို့နှင့် ချောင်းသာမြို့တို့တွင် ၂၀၂၀ ပြည့်နှစ် ယမန်နေ့ ည(၁၁) နာရီမှ စတင်၍ ၂၄ နာရီအပြည့် လျှပ်စစ်ဓါတ်အားစတင်သုံးစွဲခွင့် ရပြီဖြစ်ကြောင်းသိရသည်။

သာယာဝတီခရိုင်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက်များ ကပ်ထား

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည့် မဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၄၂)ဦး၏

လပွတ္တာ၌ စပါးစိုက်ခင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်း လုပ်ငန်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ ခရိုင် လပွတ္တာ မြို့နယ်တွင် ငါးလုပ်ငန်းဦးဌာနမှ လပွတ္တာ မြောင်းမြ ကားလမ်းဘေးရှိ နည်းပညာပြန့်ပွားရေးစင်တာ မျိုးသန့်ထုတ် စံပြစိုက်ခင်း လယ်ကွင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက် (၉)နာရီ အချိန်က ကျင်းပခဲ့သည်။

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကောက်ယူထားသော မဲစာရင်းတွင် အမည်ပါဝင်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား နံပါတ်လစ်လပ် နေမှုများအား ကွက်လပ် ဖြည့်သွင်းခြင်း နှင့်နိုင်ငံ သား စိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့က တောင်ငူခရိုင် ထန်းတပင်မြို့နယ် ကင်မွန်းချုံကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဘာသာရေးဆိုင်ရာ ဝတ်ပြုကျောင်းများနှင့် ဘုရားရှိခိုးကျောင်းများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ခွင့်ပြုနိုင်ရန်ကွင်းဆင်း စစ်ဆေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် Church ကျောင်းများ၊ ဗလီဝတ်ပြုကျောင်းများနှင့် ဟိန္ဒူဘုရားရှိခိုးကျောင်းများအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်ခွင့်ပြုနိုင်ရန် တင်ပြလာမှုများအပေါ် ယမန်နေ့နံနက်ပိုင်းမှစတင်ကာ မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ကျောက်ဆည်မြို့တွင် လယ်ယာထုတ်ကုန်လမ်းအား မြေနီဂျင်းကျောက်လမ်းအဖြစ်အဆင့်တင်နိုင်ရေး တောင်သူများနှင့် ဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဌက္ကတောင်ကျေးရွာတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော စက်မှုလယ်ယာစနစ်ကျ ဖော်ထုတ်ခဲ့သည့် တောင်သူ(၄၆)ဦး၏ လယ်ဧက(၂၀၀) အသုံးပြုလျှက်ရှိသည့် လယ်ယာကုန်ုထုတ်လမ်းအား မြေနီဂျင်း ကျောက်လမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရေး တောင်သူများနှင့်ဆွေးနွေးခြင်းကို ယနေ့နံက်(၉)နာရီက ဌက္ကတောင်ကျေးရွာ ဓမ္မာရုံတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မုဒုံမြို့နယ်တွင် ငါးမွေးတောင်သူများကို ငါးမြစ်ချင်းငါးသားပေါက်များ ထောက်ပံ့ပေးအပ်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန် ကြီးဌာန မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ မုဒုံမြို့နယ်အတွင်းရှိ ငါးမွေး တောင်သူများထံသို့ ယနေ့ နံနက် (၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ငါးသားပေါက်များထောက်ပံ့ပေးအပ်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံ့မှု မရှိစေရေး ပါးစပ်နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာရေး လှုပ်ရှားမှု (Mask Campaign) ပြုလုပ်၍ နှခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေ ရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အိမ်အပြင် ထွက်သူတိုင်း ပါးစပ်နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာရေးလှုပ်ရှားမှု(Mask Campaign)အဖြစ် ယမန်နေ့က မြို့ပေါ်လူစည်ကားရာ နေရာများနှင့်အနီးဝန်းကျင်ကျေးရွာ များတွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း များ အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နှာခေါင်းစည်းတပ်ဆင်မှု ရှိ၊ မရှိ စစ်ဆေး၍ အသိပညာပေးဆွေးနွေးခြင်းဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်ကုသရေး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ အဆင့်ကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဂန့်ဂေါ- ကျောက်ထု- ဆော- ကန်ပက်လက်လမ်း၊ ပခုက္ကူ- ကျောက်ထု - မင်းတပ်လမ်း၊ လမ်းဆုံဖြစ်သည့် ပန်းဆန်ရွာလမ်းဆုံတွင် ယမန်နေ့ ညနေပိုင်းက ခရီးသွားများ၊ မော်တော်ယာဉ်ဖြင့် သွားလာသူများအား နှာခေါင်းစည်းများ တပ်ဆင်သွားလာခြင်းရှိ၊ မရှိ စစ်ဆေးကြပြီး ပညာပေးဆွေးနွေးကြသည်။

ထီးချိုင့်မြို့နယ် မြစိမ်းရောင် စီမံကိန်း (ပဉ္စမ)နှစ်အတွက် ချေးငွေထုတ်ချေးပေးခြင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့သော မြစိမ်းရောင်စီမံကိန်း (ပဉ္စမ) နှစ်အတွက် ထုတ်ချေးပေးမှုအား ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ဆားတွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။
Subscribe to