ဖားကန့်၌ ကျောက်ဝိုင်းများအားလုံး အကန့်အသတ်မရှိပိတ်ထား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ကိုဗစ် ၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေး တစ်မြို့နယ်လုံးမှ ကျောက်ဝိုင်းများအားလုံး အကန့်အသတ်မရှိ ရပ်နားထားရန် စာများကပ်ခြင်းကြေညာ ခြင်းတို့ ယမန်နေ့က စတင်ပြီး ‌သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များက ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ဖျာပုံမြို့၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်၏ ထောက်ပံ့မှု (CERP)အရ ဆောင်ရွက်သော မိုးစပါး မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ မျိုးစေ့၊မျိုးသန့်ထုတ် တောင်သူများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်၏ ထောက်ပံ့မှု(CERP)အရ ဆောင်ရွက် သော မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီ အချိန်က၊ ဖျာပုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ကျင်းပသည်။

တပ်ကုန်းမြို့၌ လူငယ်ရေးရာကော်မတီဝင်များနှင့် Volunteer လူငယ်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းစဉ် များတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြ သော မြို့နယ်လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များနှင့် Volunteer လူငယ်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ချောင်းဦးမြို့နယ်တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ဖွင့်လှစ်သော မွေးမြူရေးသင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာနှင့် ဆူးလေကုန်းကျေးရွာ SMU ဘက်စုံ သုံးခန်းမများတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးအပေါ် ထိခိုက်မှု သက်သာရေး၊ ကျေးလက်နေပြည်သူ များ အလုပ်အကိုင်အခွင့်အလမ်း ရရှိလာစေရေးအတွက် ရည်ရွယ် ဖွင့်လှစ်သင်ကြားပေးနေသော မွေးမြူရေးသင်တန်းများ ယမန်နေ့ ညနေပိုင်းက သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။

လက်ပံတန်း စိုက်ပျိုးရေးသုတေသနခြံသို့ အကျိုးဆောင်တောင်သူ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းသားများ လာရောက်လေ့လာ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးသုတေသနခြံသို့ ယနေ့ နံနက်ပိုင်းက ပဲခူးခရိုင် အကျိုးဆောင်တောင်သူ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းသား များမှ လေ့လာရေးလာရောက်ခဲ့ကြောင်း သိရသည်။

ပန်လုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask များ အခမဲ့ဖြန့်ဝေ

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းနှင့် Mask များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းသိန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ ဈေးအတွင်းနှင့် ရပ်ကွက်လမ်းမများတွင် ဆောင်ရွက်ခဲ့သည်။

မက်မန်းခရိုင်ရုံးတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း( Book Club)စာဖတ်ဝိုင်းကျင်းပ

မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများစာပေကို ပိုမိုဖတ်ရှုမှု အလေ့ အကျင့်ကောင်း ရရှိပြီး အနာဂတ်မျိုး ဆက်သစ် လူငယ်များအား စာအုပ်စာစောင်များ ဖတ်ရှုမှုအားကောင်းလာ အောင် တည့်မတ်ဖော်ဆောင် ပေးနိုင်စေရန်နှင့် စာပေမှ ရရှိသော အကျိုးကျေးဇူးများ ဖော်ဆောင်တတ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံပြည်သူများနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club) ဦးဆောင်၍ စာရေးဆရာကြီး လယ်တွင်းသား စောချစ် ရေးသားသည့် “ပန်းလိုချင်၊ အပင်ကို ပျိုးတတ်မှ” စာအုပ် စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

မင်းကင်းမြို့တွင် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ပြောင်းရွေ့ရသော အိမ်ထောင်စု (၁၁၅)စုအား ထောက်ပံ့ပစ္စည်းပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ တွင် ကိုဗစ်-၁၉ ကာလအတွင်း ချင်းတွင်းမြစ်ရေ မြင့်တက်မှု ကြောင့် ရေဝင် ပြောင်းရွေ့ရသော အိမ်ထောင်စု (၁၁၅)စုအား ထောက်ပံ့ပစ္စည်း ပေးအပ်ပွဲ ကို ယွန်းကျောင်းတိုက်၌ ယနေ့နံနက် ၉ နာရီ အချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။

ချောင်းဦးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် အထောက် အကူဖြစ်စေရန် ရည်ရွယ်၍ လမ်းသွားလမ်းလာပြည်သူများ၊ ခရီးသွားပြည်သူများ၊ စျေးဝယ်သူ စျေးရောင်းချနေသူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်ပိုင်းက ချောင်းဦးမြို့ လူစည်ကားရာနေရာများဖြစ်သော မြို့နယ်ပြန်/ဆက်ရုံးရှေ့၊ စည်ပင်သာယာမြို့မစျေးကြီး ရှေ့နှင့် မြို့မစျေးအတွင်း၊ ယာယီပျံကျစျေးအတွင်း၊ ချောင်းဦးအမြင့် လမ်းဆုံနေရာ၊ မန္တလေးမုံရွာ ကားလမ်းမကြီးနှင့် ချောင်းဦး-ပခုက္ကူလမ်းဆုံနေရာများတွင် ဆောင်ရွက်ခဲ့သည်။
Subscribe to