ဝေါ ဇူလိုင် ၃၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ဇူလိုင်လ ၂၉ ရက်နေ့ နံနက်ပိုင်း၌မိုးသည်းထန်စွာရွာသွန်း၍ စစ်တောင်းမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းဘေးရှိကျေးရွာများဖြစ်သည့် သူရဲသူမိန်ကျေးရွာအုပ်စု၊ ဆင်ရွာကျေးရွာအုပ်စု၊ စက်စုကျေးရွာအုပ်စု၊ ဝိုင်းပါတ်ကျေးရွာအုပ်စု၊ ဒလနွမ်းကျေးရွာအုပ်စုနှင့်လက်ပံကျေးရွာအုပ်စုများအတွင်း ရေ(၄)ပေခန့်ဝင်ရောက်ကြောင်း သိရသည်။
ထိုသို့ရေဝင်ရောက်မှုများကြောင့် ကျေးရွာအနိမ့်ပိုင်းရှိအိမ်ထောင်စုများအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ကြီးကြပ်မှုဖြင့် သက် ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများက အချိန်မီရေလွတ်ရာသို့ပြောင်းရွှေ့မှုများဆောင်ရွက်ပေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)