လက်ပံတန်း၌ တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

လက်ပံတန်း ဇူလိုင် ၃၁

 ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနကဖွင့်လှစ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ ဒေသတစ်ခုထုတ်ကုန်တစ်ခုဆောင်ရွက်မည့်လုပ်ငန်းစီမံချက်ဖြင့်ဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ဇူလိုင်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက ကွမ်းခြံကျေးရွာအုပ်စု၊ ကျေးနီရွာ၊ လင်းရောင်ခြည်စာကြည့် တိုက်တွင်ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေမင်းအောင်က သင်တန်းဆင်းအမှာစကားပြောကြားသည်။ ထို့နောက် အသေးစားစက်မှုလက်မှုလုပ် ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးငြိမ်းမြင့်ဇော်က သင်တန်းများနှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီး သင်တန်းထွက်ကုန်ချောပစ္စည်းများကိုပေးအပ်ရာ သင်တန်းသားကိုယ်စားလှယ်တစ်ဦးက လက်ခံရယူသည်။

ဆက်လက်၍ တက်ရောက်လာသူများက သင်တန်းသား၊ သင်တန်းသူများ၏စားသောက်ကုန်ပစ္စည်းများကိုလှည့်လည်ကြည့်ရှုသည်။ ယခုဖွင့်လှစ်သည့်သင် တန်းတွင် မုန့်လုပ်နည်း ၁၅ မျိုးကို အခြေခံသင်တန်းကာလ ၁ ပတ်၊ မွမ်းမံသင်တန်းကာလ ၁ ပတ် ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသား သင်တန်းသူ ၁၅ ဦးတက်ရောက်ခဲ့​ပြီး ထူးချွန်သင်တန်းသား ၅ ဦးရွေးချယ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းတည်ထောင်ရန် ၁၄ သိန်းတန်းဖိုးရှိ ရင်းနှီးပစ္စည်းများထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)