မိုးညို ဇူလိုင် ၃၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ညောင်လေးပင်ကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာရှိ လေဘေးသင့်ပြည်သူများအား တာဝန်ရှိသူများက ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းအချိန်က အိမ်ဆောက်ပစ္စည်းဖိုးငွေကို ကျေးရွာအရောက်သွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မိုးညိုမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဝန်ထမ်းများက မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများနှင့်အတူ ဇူလိုင်လ(၂၆)ရက်နေ့တွင် မိုးညိုမြို့နယ်၊ ညောင်လေးပင်ကျေးရွာတွင်ဖြစ်ပွားခဲ့သောလေဘေးကြောင့်ပြိုလဲပျက်စီးနေအိမ်တစ်လုံးနှင့် အမိုးလန်ပျက်စီးနေအိမ်တစ်လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၂၀,၀၀ဝိ/-)ကျပ်၊ အိမ်ထောင်စု(၂)စုရှိလူဦးရေ(၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ(၂၅,ဝ၀ဝိ/-)ကျပ်၊ စုစုပေါင်း (၁၄၅,၀၀ဝိ/-)ကျပ်နှင့် ပြိုလဲနေအိမ်အတွက်ပစ္စည်း(၁၆)မျိုးပါပုံးတစ်ပုံးတို့အား ကျေးရွာအရောက် သွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။
ကိုမင်း(ပြန်/ဆက်)