မြစ်သားမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီကို ဈေးနှုန်းချိုသာစွာ ရောင်းချပေး

 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ နယ်တွင် Resources Group Trading Co. Ltd နှင့် Hike Co.Ltd များဦးဆောင်မှုဖြင့် ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မြစ်သားမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား စျေးနှုန်းချိုသာစွာစားသုံးနိုင်ရန်အတွက် စားအုန်းဆီတစ်ပိဿာ ၇၁၄၀/-ကျပ်နှုန်းဖြင့် ယနေ့နံနက် (၈) နာရီမှ နေ့လည် (၁၂) နာရီအထိ ရောင်းချပေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်း (ဆန်/ဆီ)များ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်း(ဆန်/ဆီ)များ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

ကန်ကြီးထောင့်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ဝဲကြီး)၌ စာဖတ်ရှိန်မြင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ကန်ကြီးထောင့်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ဝဲကြီး)၌ စာဖတ်ရှိန်မြင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ ကန်ကြီးထောင့် ဩဂုတ် ၁ မြို့နယ်(ပြန်/ဆက်)

ကယားပြည်နယ် လူငယ်ရေးရာကော်မတီမှ ကြီးမှူး၍ လူငယ်စကားဝိုင်း လွိုင်ကော်မြို့တွင် ကျင်းပ

ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတတိုးပွားစေပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် ဘက်စုံထူးချွန်သူများ ဖြစ်လာစေရန်နှင့် လူငယ်များ၏အခန်းကဏ္ဍ မြင့်မားတိုးတက်စေရန် ကယားပြည်နယ် လူငယ်ရေးရာကော်မတီမှပြုလုပ်သော လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ကယားပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ၊ အခြေခံပညာနှင့် အဆင့်မြင့်ပညာနှင့် ကောလိပ်၊ သိပ္ပံ၊ သင်တန်းကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဘီလူးချောင်းရေဝင်ရောက်မှုမှ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ အနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများအဆင့်မြင့်တင်ဆောင်ရွက်နေမှုနှင့် လမ်းတိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေတို့အား ကြည့်ရှုစစ်ဆေးသည်။

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ လွိုင်ကော်မြို့၌ ကျင်းပ

ပညာသင်ကြားနေ့သည့် လူငယ်များ နေ့စဉ်သုံးပြုအလျက်ရှိသည့် ဆပ်ပြာအမျိုးမျိုး၏ ထုတ်လုပ်နည်းပညာကို သိရှိစေရန်နှင့် ပညာသင်ကြားနေသည့်ကာလ ပြီးဆုံးပါက အတန်းပညာအပြင် အသက်မွေးဝမ်းကျောင်းပညာ တစ်ခုရရှိပြီး ၎င်းတို့၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (၄/၂၀၂၅)ဖွင့်ပွဲ ကို ဇူလိုင် ၂၉ ရက်က လွိုင်ကော်မြို့ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနတွင် ကျင်းပခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း ကယားပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ၊ အခြေခံပညာ ဆရာ၊ ဆရာမများ၊ စိုက်ပျိုး၊ မွေးမြူရေး ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၊ မိုးစပါး ယူရီးယားဓာတ်မြေသြဇာ စုပေါင်းကြဲပက်ခြင်းအခမ်းအနား တက်ရ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ဇူလိုင် ၂၉ ရက်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ ခုတင် ၅၀၀ဆံ့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း ယာယီနေရပ်စွန့်ခွာပြည်သူများအား အခြေခံစားသောက်ကုန်များပေးအပ်၊ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ဇူလိုင် ၂၈ ရက် နေ့လယ်ပိုင်းက လွိုင်ကော်မြို့သို့ရောက်ရှိနေထိုင်လျက်ရှိသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက် အခြေခံစားသောက်ကုန်များပေးအပ်ပွဲသို့ တက်ရောက်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ဇူလိုင် ၂၈ ရက်နေ့နံနက်က သီရိမင်္ဂလာဈေးသစ် နှစ်ထပ်ဆောင်ခန်းမ၌ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ စည်ပင်သာယာရေးကော်မတီဝင်များ၊ ဈေးကော်မတီဝင်များနှင့်တွေ့ဆုံသည်။ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ပြည်နယ်အမှုဆောင်အရာရှိက ဈေးသစ်တည်ဆောက်ပြီးစီးမှုနှင့် ဈေးရုံသစ်များ တည်ဆောက်လျက်ရှိသည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး  ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးသည်။

ကော့သောင်းမြို့သို့ ပြန်လည်ဝင်ရောက်လာသည့်နေရပ်ပြန်များအား နေရပ်ဒေသများသို့ပြန်လည်ပို့ဆောင်

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ချမှတ်ခံရသူ မြန်မာနိုင်ငံသား အမျိုးသား(၁၄၆)ဦး  အမျိုးသမီး(၁၅)ဦး၊ စုစုပေါင်း (၁၆၁)ဦးအား ယနေ့မွန်းလွဲပိုင်းက  ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့မှ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးဖြင့် လွှဲပြောင်းပေးအပ်ခဲ့ရာ ပြန်လည်ဝင်ရောက်လာသူများအား စနစ်တကျ လက်ခံဆောင်ရွက်သည်။
Subscribe to