ပုသိမ်ခရိုင်​ရွေး​ကောက်ပွဲ​ကော်မရှင်ရုံး၌ လွှတ်​တော်ကိုယ်စားလှယ်​များအမည်စာရင်း​ကို ပုံစံ ၁၀ ဖြင့် ထုတ်ပြန်ကြေညာ

ပုသိမ်   သြဂုတ်  ၃၁

နိုဝင်ဘာ ၈ ရက်​နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုက​ရေစီအ​ထွေ​ထွေ​ရွေး ကောက်ပွဲအတွက်  ပုသိမ်ခရိုင် ​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲမှ  ​ရွေးကောက်ပွဲ နည်းဥပ​ဒေ ၃၅ အရ စိစစ်လက်ခံ အတည်ပြုထား​သော လွှတ်​တော်ကိုယ်စားလှယ်​လောင်းများအမည်စာရင်းကို အက္ခရာစဉ်အလိုက် ပုံစံ(၁၀)ဖြင့်ပြုစု၍ သြဂုတ်လ ၃၀ ရက်​နေ့မှ စတင်၍ ပုသိမ်ခရိုင်​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြေညာခဲ့​ကြောင်းသိရသည်။

ပုသိမ်ခရိုင်တွင် မဲဆန္ဒနယ်​မြေအသီးသီးအတွက် ဝင်​ရောက်​ရွေးချယ်ခံမည့် နိုင်ငံ​ရေးပါတီ ၁၅ ခု၊ တစ်သီးပုဂ္ဂလ ၈ ဦးအပါအဝင် လွှတ်​တော်ကိုယ်စားလှယ်​ ၁၆၀ ဦးရှိသည်။ အဆိုပါ ​ကြေညာချက်အရ အမျိုးသားလွှတ်​တော်ကိုယ်စားလှယ် ၁၄ ဦး၊ ပြည်သူ့လွှတ်​တော်တွင် ၄၇ ဦး နှင့် တိုင်း​ဒေသကြီးလွှတ်​တော်တွင် ၉၉ ဦး ဖြစ်​ကြောင်း သိရသည်။

ခင်စန္ဒာဆွေ (ပြန်/ဆက်)