အောင်မြေသာစံမြို့နယ်တွင် မဲရုံနေရာ စီစဉ်ထားရှိမှုများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

အောင်မြေသာစံမြို့နယ်တွင်၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်များအလိုက် မဲရုံနေရာ စီစဉ်ထားရှိမှုများကို ယနေ့နံနက် ၉နာရီက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု ခဲ့ကြ‌ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်‌လောင်းများ၏ အမည် စာရင်းများထုတ်ပြန်ကြေညာ

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ် လွှတ်တော်ကိုယ်စား‌‌လှယ်လောင်းများ၏ အမည် စာရင်းကို ကန်ပက်လက်မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးက ယနေ့တွင် သတ်မှတ်ထားသည့် နေရာများ၌ ကပ် ထားကြေငြာခဲ့သည်။

နမ္မတူမြို့နယ်၊ ဆိုက်ခေါင်၊ နမ့်မင်းဆော့ ကျေးရွာ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်‌ရေး အသိပညာပေးဆောင်ရွက်

မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ အသိပညာ ပေးခြင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ဆိုက်ခေါင်ကျေးရွာ၌ ဆောင်ရွက်ခဲ့ပါသည်။

ကျီခါးမြို့ Quarantine Centre အတွက် Zomi Covid-19 Response Commetee (Z.C.R.C)မှ အသုံးအဆောင်ပစ္စည်းများ လှူဒါန်းပေးအပ်

ချင်းပြည်နယ်၊ကျီခါးမြို့ Quarantine Centre အတွက် Zomi Covid-19 Response Commetee (Z.C.R.C)မှ အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီခွဲ အချိန်က ကျီခါးမြို့ လူငယ်ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ကြသည်။

ပခုက္ကူခရိုင်တွင် လွှတ်တော်သုံးရပ်အတွက် စိစစ်ပြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(၉၉)ဦး၏အမည်စာရင်း အတည်ပြုကြေညာ

ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်လောင်းများအမည်စာရင်းကြေညာချက် ပုံစံ(၁၀) ကို မဲဆန္ဒနယ်အလိုက် သက်ဆိုင်ရာမြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ များ သို့ပေးပို့၍ အများ ပြည်သူတွေ့မြင်နိုင်သောနေရာများ၌ ဩဂုတ်လ ၃၀ရက်နေ့တွင် ကပ်ထား ကြေညာပြီး စနစ်တကျကြပ်မတ်ဆောင်ရွက်သွား ရန် အကြောင်းကြားချက်အရ ပခုက္ကူခရိုင်တွင် လွှတ်တော်သုံး ရပ်အတွက် စိစစ်ပြီးလွှတ်တော်ကိုယ်စားလှယ်လောင်း (၉၉)ဦး ၏ အမည်စာရင်းများ အတည်ပြုကြေညာ ထားကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် Mask မတပ်ဆင်သူများအား ယခုဝယ် ယခုတပ်စနစ်ဖြင့် စတင်ဆောင်ရွက်

ကိုဗစ်-၁၉ ​ရောဂါ ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာသည့်အတွက် ကာကွယ်ထိန်းချုပ်နိုင်ရေးအဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်တွင် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာကြသူများအားလုံး Mask မတပ်ဆင်ပါက ယခုဝယ် ယခုတပ် စနစ်ဖြင့် ယနေ့ နံနက် ၈နာရီက စတင်ဆောင်ရွက်ခဲ့သည်။

မိုင်းပန်မြို့နယ်တွင် သက်ဆိုင်ရာမဲဆန္ဒနယ်မြေများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းကြေညာထားမှုအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်‌(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့၊ မြို့ပေါ်(၄)ရပ်ကွက်ရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ ခွဲရုံးများတွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း ကြေညာထားရှိမှုအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ရွေးကောက် ပွဲအရာရှိ ဒေါ်နန်းဆွယ်ငင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်လတ်နှင့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများမှ ယနေ့ မွန်းလွဲ(၁)နာရီ အချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ဖလမ်းခရိုင်အတွင်း လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းများ ကြေညာ

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့ တွင်ကျင်းပပြုလုပ်မည့်ပါတီစုံဒီမိုကရေစီအထွေ ရွေးကောက်ပွဲ ၌ ပြည်သူ့လွှတ်တော်၊

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့ (မိုးကုတ်)မှ Covid-19 ကာကွယ်နိုင်ရေး Mask Campaign ပြုလုပ်

Covid-19 ကူးစက်ရောဂါ ပြန့်ပွားမှု လျော့ကျစေရေး လုပ်ငန်းစဥ်တစ်ရပ်ဖြစ်သည့် ပြည်သူ တိုင်း mask တပ်ဆင်အသုံးပြုနိုင်ရေးအတွက် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မိုးကုတ်) နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲတို့ ပူးပေါင်း၍ မိုးကုတ်မြို့နယ်တွင် ယမန်နေ့ က mask Campaign ပြုလုပ်ခဲ့သည်။
Subscribe to