ကျောက်ဆည် ဩဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်သူများ မဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေ ဆူးကုန်းရပ်ကွက်၊ ရှမ်းတောင်ဦး ကျေးရွာ၊ ပန်းညက်ကျေးရွာများမှ ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများ၊ အဖွဲ့ခွဲဝင်များသည် ယနေ့နံနက် ၉နာရီက တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များသည် တစ်အိမ်တက်တစ်အိမ် ဆင်း ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် ပထမအကြိမ် မဲစာရင်းများကြေညာပြီးနောက် မဲစာရင်း တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာ တို့ကို ပြန်လည် ပြင်ဆင် ဖြည့်စွက် ခြင်းများ မှန်ကန်မှုရှိစေရေး ၊ကျန်ရှိမှု မရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ရပ်ကွက်(၁၀)ရပ်ကွက်၊ ကျေးရွာအုပ်စု (၈၇) အုပ်စု၊ ကျေးရွာ (၂၂၃)ရွာ၌ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ (၁၉၂၆၉၀)ဦးရှိရာ ပြည်သူများမဲပေးပိုင်ခွင့် ဆုံးရှုံး မှုမရှိစေရေး တစ်အိမ်တက်တစ်အိမ်ဆင်း မဲစာရင်းများ နှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများ ကိုစနစ်တကျ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
တင်တင်ထွေး