မိုင်းနောင် သြဂုတ် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ပျံကျစျေးအတွင်း စျေးရောင်း၊ စျေးဝယ်များ၊ စားသောက်ဆိုင်များတွင်၊ (mask)နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေးခြင်းကို နံနက်(၈) နာရီ အချိန် က ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေး အသင်းအဖွဲ့များ စုပေါင်း၍ စျေးအတွင်းရောင်းချနေသူစျေးသည်များနှင့် စျေးဝယ်သူများ အပူချိန်တိုင်းတာပေးခြင်း၊ (mask)နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းနှင့် တပ်ဆင်ခြင်းမရှိသူများအား အခုဝယ်၊ အခုတပ်စနစ်ဖြင့် ရောင်းချတပ်ဆင်စေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားခြင်းမှ ကာကွယ်နိုင်ရေးအတွက် စားသောက်ဆိုင်များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်စည်းကမ်းများနှင့်အညီ စနစ်တကျရောင်းချခြင်း ရှိ/မရှိ ဆက်လက်စစ်ဆေးခဲ့ပါကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)