​​ကျောက်တံတားမြို့နယ် ရပ်ကွက်​ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ​ လွှတ်​တော်​ကိုယ်စားလှယ်လောင်းများ၏ အမည် စာရင်းများကို စတင်​ကြေညာ​ပေးလျက်ရှိ

​ကျောက်တံတား သြဂုတ်  ၃၁

၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ​​ကျောက်တံတားမြို့နယ်က ဝင်ရောက် ယှဉ်ပြိုင် မည့် လွှတ်တော် ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းများကို ယမန်နေ့မှ စတင်ကာ ​မြို့နယ်​ကော်မရှင်အဖွဲ့ခွဲရုံး​၊ ရပ်ကွက်​ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြေညာ​ပေးလျက် ရှိ​ကြောင်း သိရသည်။

ထို့သို့​ကြေညာရာတွင်၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ​​ကျောက်တံတားမြို့နယ်က ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသား လွှတ်​တော် ကိုယ်စားလှယ်​လောင်းများ၏ အမည်စာရင်း၊ ပြည်သူ့လွှတ်​တော် ကိုယ်စားလှယ်​လောင်းများ၏ အမည်စာရင်း၊​ ကျောက်တံတား မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တိုင်း​ဒေသကြီးလွှတ်​တော်ကိုယ်စားလှယ်​လောင်းများ၏ အမည်စာရင်း ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်း​ဒေသကြီး လွှတ်​တော်ကိုယ်စားလှယ်​လောင်းများ၏ အမည်စာရင်း၊ ရန်ကုန်တိုင်း​ဒေသကြီး လွှတ်​တော် မဲဆန္ဒနယ် (ကရင် တိုင်းရင်းသား လူမျိုး) လွှတ်​တော်ကိုယ်စားလှယ်​လောင်းများ၏ အမည်စာရင်း၊ ရန်ကုန်တိုင်း​ဒေသကြီး လွှတ်​တော် မဲဆန္ဒနယ် (ရခိုင်တိုင်းရင်းသား လူမျိုး) ကိုယ်စားလှယ်​လောင်းများ၏ အမည်စာရင်းများကို အများပြည်သူသိရှိ​စေရန် ကပ်ထား​ကြေညာ​ပေးလျက် ရှိ​ကြောင်း သိရသည်။

​ရွှေနန်း​မေ