ဥတ္တရသီရိ ဩဂုတ် ၃၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ သရက်တောကျေးရွာတွင် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဆိုင်ရာ ဥတ္တရသီရိမြို့နယ် ဦးစီးမှူးရုံးက သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အား ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဥတ္တရသီရိမြို့နယ် ဦးစီးမှူးရုံးမှ ဒု-လဝကမှူး ဦးဝင်းရွှေနှင့်ဝန်ထမ်းများက အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား လက်ဝယ် ကိုင်ဆောင်ထားခြင်း မရှိသေးသူများ၊ ပျောက်ဆုံးပျက်စီးသူများ၊ စာရင်းကောက်ယူပေးခြင်းတို့ကို စစ်ဆေး ဆောင်ရွက်ပေးခဲ့ရာ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ အမျိုးသား၊အမျိုးသမီး စုစုပေါင်း (၇၂)ဦးအား ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)