မိုးကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ပြည်သူများအား Mask များအခမဲ့ဖြန့်ဝေ

မိုးကုတ် ဩဂုတ် ၃၁

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု လျော့ကျစေရေး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ပြည်သူတိုင်း mask တပ်ဆင်အသုံးပြု နိုင်ရေးအတွက် မိုးကုတ် မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကာကွယ်ရေး ကော်မတီ၏ ဦးဆောင်မှု မိုးကုတ်မြို့အနောက်ပိုင်း မှဌာနဆိုင်ရာနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း ၍ ယမန်နေ့နံနက်ပိုင်းက ပြည်သူများအတွက် Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။

 အဆိုပါလှုပ်ရှားမှုတွင်မိုးကုတ်မြို့နယ်အနောက် ပိုင်းရှိ ကျပ်ပြင်နှင့်ကသည်းအုပ်စုအတွင်း လူအများ သွားလာစည်ကားရာနေရာ များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး mobile team အဖွဲ့ဦးဆောင် မှုဖြင့်ကျပ်ပြင်နယ်မြေခံ ရဲတပ်ဖွဲ၀င်များ၊ ရဲတပ်ရင်း (၁၄)မှတပ်ဖွဲ့၀င်များ၊ ကြက်ခြေနီ အဖွဲ့များ၊အရံမီး သတ်တပ်ဖွဲ့ဝင်များ၊ ယကကအဖွဲ့များ၊ ကျေးရွာ အုပ်စုအုပ်ချုပ် ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့ များပါ၀င်သည့်ပူးပေါင်းအဖွဲ့တို့မှ လူစည်ကားရာနေရာများတွင်Maskများ အခမဲ့ ဝေငှပေး ခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ပြည်သူများ လိုက်နာဆောင်ရွက် သင့်သည့် အပြင်ထွက်တိုင်း Mask တပ်ခြင်း ၊လက်ဆေးခြင်းများအပြင် ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော ထုတ်ပြန်ချက် များကို အမြဲမပြတ် လိုက်နာသတိပြု ကြရေး အသိပေးတိုက်တွန်း နှိုးဆော်ခြင်းများ ဆောင်ရွက်ပေး ခဲ့ကြကြောင်း သိရသည်။

ဖြိုးမမ