သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများ ပြုလုပ် ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်ပေါ် စေရန်နှင့် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ကြက်ခြေနီ အသင်းခွဲမှ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီ အချိန်က သီပေါမြို့နယ် အတွင်းရှိ မြို့မစျေး၊ ဝက်ဝံပျံကျစျေး(ယာယီစျေး) နှင့် ရပ်ကွက်များတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

မြင်းခြံမြို့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ကပ်ထားကြေညာ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြုလုပ် သွားမည်ဖြစ်ရာ ယမန်နေ့မှစတင်၍ မြင်းခြံမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်စာရင်းများကို မြို့နယ်ကော်မရှင်ရုံးတွင် ကပ်ထား ကြေညာထားကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ကွတ်ခိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ကျန်းမာရေး ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းပူးပေါင်း၍ ကွတ်ခိုင်မြို့ အဝင်/ထွက်နေရာတို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး စစ်ဆေးမှုများ၊ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းတို့ကို ယနေ့ နံနက်ပိုင်းက အရှိန် အဟုန်မြှင့် ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်အသီးသီး၏ ကိုယ်စားလှယ်လောင်း စာရင်းများအား ထုတ်ပြန်ကြေညာ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးတွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်

ခရမ်းမြို့မဈေးကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်းနှင့် mask တပ်ဆင်ခြင်း ရှိမရှိ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ခရမ်းမြို့မဈေးကြီး ဈေးအတွင်းနှင့် ပျံကျဈေးတို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များ နှင့်အညီ ဖွင့်လှစ်ရောင်းချရန်နှင့် ဈေးလာရောက်ဝယ်သူများအား နှာခေါင်းစည်း Mask တပ်ဆင်သွားလာရန် စစ်ဆေးခြင်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေး မိုင်းရှူးမြို့၌ ကျန်းမာရေး စစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်

ကိုဗစ်-၁၉ ရောဂါကူးစက် ဖြစ်ပွားမှုများ မရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန် ညွှန်ကြားချက်များနှင့်အညီ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ တောင်ကြီး-မိုင်းရှူး ကားလမ်း၊ လားရှိုး-မိုင်းရှူးသွားကားလမ်းပေါ်ရှိ မိုင်းရှူးမြို့၊ နားစံကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကျန်းမာရေး စစ်ဆေးရေးဂိတ်အား ယနေ့မှစတင်၍ ကျန်းမာရေး စစ်ဆေးရေးဂိတ်ပြန် လည် ဖွင့်လှစ်ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ငွေကြေးထောက်ပံ့ခြင်း ငွေဗိုက် အစီအစဉ်အတွက် Ngwe Bike Application ဖြင့် စာရင်းသွင်းဝန်ဆောင်မှုများ ဆောင်ရွက်ပေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း နေထိုင်သော ကိုယ်ဝန်ဆောင်မိခင်များအား COVID-19 စီးပွားရေး ကုစားမှုအစီအစဉ်အရ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်တိုင်းကို ထောက်ပံ့ခြင်း တစ်ကြိမ်တည်း ၃၀၀၀၀/- (ကျပ်သုံးသောင်းတိတိ) ထောက်ပံ့ရန်အတွက် (Ngwe Bike) Application ကို Download ဆွဲ၍ စာရင်းသွင်း ဝန်ဆောင်မှုကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက် ပေးခဲ့ ကြောင်း သိရှိရသည်။

မြဝတီမြို့၌ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းများ ကြေညာ

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့ တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေ ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အသီးသီးတွင် ဝင်ရောက် ယှဉ်ပြိုင်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ယမန်နေ့ နံနက် ၉ နာရီတွင် မြဝတီခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက ကြေညာခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်လောင်း(၆၀)ဦး‌ဖြစ်ကြောင်းသိရသည်။

မိတ္ထီလာလေးကျေရွာတွင် သောက်သုံးရေရှိရေး စက်ရေတွင်းတူးဖော်ပြီးစီးမှုကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ကွင်းဆင်းစစ်ဆေး

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ထန်းပေါက်ကုန်းကျေးရွာအုပ်စု မိတ္ထီလာလေး ကျေးရွာတွင် သန့်ရှင်းသောသောက်သုံးရေ ရရှိရေးရည်ရွယ်ချက်ဖြင့် စက်ရေတွင်းတူးဖော်ခြင်း ရေစက်ရုံ တည်ဆောက်ခြင်းနှင့် ရေဂါလံ(၂၄၀၀)ဆံ့ရေစုကန် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏအောင်နှင့် မြို့နယ်တည်ဆောက်ရေးအဖွဲ့မှ ကော်မတီဝင်များသည် ယနေ့နံနက်(၁၀) နာရီက ကွင်းဆင်း စစ်ဆေးကြကြောင်း သိရသည်။
Subscribe to