ပန်းတောင်းမြို့နယ်တွင် ကိုဗစ်၁၉ ရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးအတွက် ဥသျှစ်ပင်စျေးအတွင်း နှာခေါင်းစည်း Mask တပ်ဆင်မှု ရှိ၊ မရှိ စစ်ဆေး

ပန်းတောင်း စက်တင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဥသျှစ်ပင် စျေးအတွင်း နှာခေါင်းစည်း Mask တပ်ဆင်သွားလာရေး ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးမှုကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးတိုးအောင်လွင် ဦးဆောင်ပြီး မြို့နယ်စည်ပင်ကော်မတီ ဥက္ကဋ္ဌ နှင့် စျေးအကျိုးဆောင် စျေးခေါင်းတို့ ပူးပေါင်း ဆောင်ရွက်၍ စျေးအတွင်းရှိ ပြည်သူများအားနှာခေါင်းစည်း Mask တပ်ဆင်မှု ရှိ၊ မရှိ စစ်ဆေး ပြီး Mask တပ်ဆင်မှုမရှိသူများကို Mask တစ်ခုလျှင် ဒဏ်ငွေ(၁၀၀၀)ကျပ်ဖြင့် ချက်ချင်း ဝယ်ယူတပ်ဆင်စေပြီး ပြည်သူ များအနေဖြင့် မိမိနေအိမ်မှ ပြည်ပသို့ထွက်ခွာလာပါက Mask

တပ်ဆင်၍ သွားလာကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ၊ စည်းကမ်းလိုက်နာ ဆောင်ရွက်ကြရန် တိုက်တွန်း နိုးဆော်ခဲ့ ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)