ရွှေတောင်မြို့နယ်၌ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း ထုတ်ပြန်ကြေညာ

ရွှေတောင်  စက်တင်ဘာ ၂      

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက် နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည် စာရင်းကို ယမန်နေ့ နံနက် ၉ နာရီတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၆)ဦး၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် လောင်း (၁၁)ဦး၊  တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်လောင်း (၆)ဦး နှင့် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် လောင်း (၅)ဦး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ကရင်တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း (၈)ဦး စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်လောင်း (၂၉)ဦးရှိပြီး ကိုယ်စားလှယ် လောင်း အမည်စာရင်းများအား ရွှေတောင်မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေညာ ထားကြောင်း သိရသည်။

ရွှေတောက်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို  ဆန္ဒမဲပေးနိုင်သည့် မဲရုံ(၁၁၇)ရုံ ရှိပြီး ရှိကြောင်း  မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ သိရှိရသည်။

ကိုကိုမင်း(ပြန်/ဆက်)