မိုးညှင်း စက်တင်ဘာ ၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း ယခုနှစ်မိုးစပါး စိုက်ပျိုးရာသီတွင် စိုက်ဧကပေါင်း ၂၂၉၉၅၇ ဧကစိုက်ပျိုးနိုင်ရန် လျာထားခဲ့ပြီး ယမန်နေ့ ကွင်းပိတ်စာရင်းအရ စိုက်ဧကပေါင်း ၂၄၈၅၈၁ ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် လျာထားဧကထက် ၁၈၆၂၄ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ စာရင်းဇယားများ အရ သိရသည်။
တစ်မြို့နယ်ချင်းအလိုက် မိုးစပါးလျာထားစိုက်ပျိုးမှုနှင့် ကွင်းပိတ်စာရင်းအရ အမှန်စိုက်ပျိုးပြီးစီးသည့် မိုးစပါးစိုက်ပျိုးမှု အခြေအနေမှာ မိုးညှင်းမြို့နယ်တွင် လျာထားစိုက်ဧက ၁၂၀၃၀၅ ဧကရှိပြီး အမှန်စိုက်ပျိုးနိုင်သည့် ဧက ၁၃၅၀၅၁၊ မိုးကောင်းမြို့နယ်တွင် လျာထားစိုက်ဧက ၇၇၅၁၇ ဧကတွင် အမှန်စိုက်ပျိုးနိုင်သည့်ဧက ၇၉၁၆၀ နှင့် ဖားကန့်မြို့နယ်တွင် လျာထားစိုက်ဧက ၃၂၁၃၅ ဧကတွင် အမှန်စိုက်ပျိုးနိုင်သည့်ဧက ၃၄၃၇၀ စိုက်ပျိုးနိုင်ခဲ့သဖြင့် ခရိုင်တစ်ခုလုံးအနေဖြင့် လျာထားစိုက်ဧကထက် ၁၈၆၂၄ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့သည်။
တစ်ခရိုင်လုံးအတိုင်းအတာအရ ကျေးရွာအုပ်စုပေါင်း ၁၀၀ တွင် ယခုနှစ်မိုးစပါးစိုက်တောင်သူ ၄၅၂၆၀ ဦးရှိပြီး မျိုးကွဲအလိုက် စိုက်ပျိုးထားရှိသည့် စပါးစိုက်ဧကမှာ ပုလဲသွယ်စပါး ၁၁၂ ဧက၊ ဆင်းဧကရီ - ၃ စပါး ၁၉၉၁၁၀ ဧက၊ ဧရာမင်းစပါး ၇၁၆၁ ဧက၊ ငွေတိုးစပါး ၃၂၀၈၇ ဧက၊ ကောက်ညှင်းစပါး ၉၃၀၉ ဧက၊ ယာစပါး ၄၃၆ ဧက၊ တောင်ယာစပါး ၃၆၆ ဧက စိုက်ပျိုးထားရှိသည်။
မိုးစပါးစိုက်စနစ်အလိုက် စိုက်ပျိုးထားရှိမှုမှာ ခရိုင်တစ်ခုလုံးအနေဖြင့် သိပ္ပံနည်းကျ စိုက်ပျိုးမှုစနစ်ဖြင့် ၅၂၇၈၈ ဧက၊ SRI စနစ်စိုက်နည်းစနစ်ဖြင့် ၇၂ ဧက ၊ပျိုးထောင်စိုက်စနစ်ဖြင့် ၁၂၈၉၉၃ ဧက၊ တိုက်ရိုက်အစေ့ချစနစ်ဖြင့် ၇၂၄၅ ဧက၊ မျိုးစေ့ချကိရိယာဖြင့် ၁၅၁၅၇ ဧက၊ ကြဲပက်စနစ်ဖြင့် ၄၄၃၂၆ ဧက အသီးသီးစိုက်ပျိုးထား ရှိကြောင်း ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
တစ်ခရိုင်လုံး အတိုင်းအတာအရ အထွက်ကောင်းမျိုးဖြစ်သည့် ဆင်းဧကရီ -၃ စပါးမျိုးများကိုသာ အဓိက ထားစိုက်ပျိုးကြရာ ယခုနှစ်မိုးစပါးစိုက်ရာသီတွင် စိုက်ဧကပေါင်း ၁၉၉၁၁၀ ဧက စိုက်ပျိုးထားရာ မိုးညှင်းမြို့နယ်တွင် ၁၂၈၃၄၂ ဧက၊ မိုးကောင်းမြို့နယ်တွင် ၄၇၄၄၃ ဧက၊ ဖားကန့်မြို့နယ်တွင် ၂၃၃၂၅ ဧက အသီးသီး စိုက်ပျိုးထားသည်။
ဆင်းဧကရီ -၃ စပါးမျိုးသည် မိုးညှင်းခရိုင်အတွင်းရှိ ရာသီဥတုနှင့် ကိုက်ညီမှုရှိသည့်အပြင် စိုက်ပျိုးထုတ်လုပ်သူ၊ စားသုံသူ၊ ဖြန့်ဖြူးရောင်းချသူများ ကြိုက်နှစ်သက်ပြီး အရည်အသွေးကောင်း၍ စပါးအထွက်နှုန်း မြင့်မားသည့်အတွက် ခရိုင်တစ်ခုလုံး အတိုင်းအတာရ အဓိကထား စိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေး သုတေသနဌာနမှ သိရသည်။
ကျော်ကျော်ထွေး(ပြန်/ဆက်)