စမ်းချောင်းမြို့နယ် စည်ပင်သာယာရေးဝန်ထမ်းများသို့ နှာခေါင်းစည်း(mask)များလှူဒါန်း

စမ်းချောင်း စက်တင်ဘာ ၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ် စည်ပင်သာယာသန့်ရှင်းရေး တာဝန်ခံရုံး၊ သန့်ရှင်းရေး ဝန်ထမ်းများနှင့် မိသားစုဝင် များသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် နှာခေါင်းစည်း (mask) များ လှူဒါန်းပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲ အချိန်က စမ်းချောင်းမြို့နယ် စည်ပင်သာယာ၊ သန့်ရှင်း​ရေး တာဝန်ခံရုံးခန်းမ၌ ကျင်းပခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် နှာ​ခေါင်းစည်း(mask) အခု (၁၀၀၀၀)ကို စမ်းချောင်းမြို့နယ် တိုင်း(၂)လွှတ်တော် ကိုယ်စားလှယ် ဦးသော်တာ အောင်၊ မြို့နယ်စည်ပင်မှ တာဝန်ရှိသူများက သန့်ရှင်း​ရေးဝန်ထမ်းများနှင့် မိသားစုဝင်များထံသို့ လက်ဝယ်အရောက် ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။

ခင်ချောစုဝင်း(ပြန်/ဆက်)