ဝန်းသို စက်တင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဝန်ထမ်းမိသားစုများစုပေါင်း၍ တတိယအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ဝါဆိုသင်္ကန်းဆက်ကပ်လှုဒါန်းရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် ဝန်ထမ်းမိသားစုတို့က ကောင်းကွေ့ကျောင်းတိုက်ဆရာတော် ဦးကုသလထံမှ ငါးပါးသီလခံယူပြီး ကြွရောက်တော်မူကြကုန်သော ကျောက်တောဆရာတော် ဦးဥက္ကံ၊ ဈေးသစ်ကျောင်း ဆရာတော် ဦးသုန္ဒရ၊ ဦးပရမတ်နှင့် အရှင်ဦးဝိစိတ္တတို့က ကျရောက်တက်သော ဘေးအန္တရာယ်အမျိုးမျိုး တို့ကို ကာကွယ်စောင့်ရှောက်စေရန်အလို့ငှာ ပရိတ်တရားတော်များကို ချီးမြှင့်တော်မူခဲ့ကြသည်။
ထို့နောက် ဝန်ထမ်းမိသားစုများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုအစုစုတို့ကို ဆရာတော်သံဃာ တော်များအား ဆက်ကပ်လှူဒါန်းခဲ့ကြရာ လှူဒါန်းမှူအစုစုတို့အတွက် ရေစက်သွန်းချအမျှပေး ဝေခဲ့ကြပြီး နေ့ဆွမ်းနှင့်ခဲဘွယ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။
ကျော်မြိုင် (ပြန်/ဆက်)