ဗဟန်းမြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များက ရှောင်တခင်စစ်ဆေး

ရန်ကုန် စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လ္ဘက်ရည် ဆိုင်များအား ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်မှုရှိ/မရှိကို မြို့နယ်ကိုဗစ်-၁၉ ကာကွယ်‌ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီများအနေဖြင့် မိမိတို့မြို့နယ်အတွင်းရှိ လ္ဘက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များကို ယနေ့ နံနက်ပိုင်းက ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

စားသောက်ဆိုင်နှင့် လ္ဘရည်ဆိုင်များကို ယခင်က ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုရာမှ ယခုအချိန် တွင် နိုင်ငံတော်က ပြည်သူများ၏ စာဝတ်နေရေးအဆင်ပြေစေရန် ဖြေလျော့ပေးသည့်အနေဖြင့် ဆိုင်ထိုင်စားသောက် ခြင်းကို ပြန်လည်ရောင်ချခွင့် ပြုခဲ့သော်လည်း၊ အချို့ဆိုင်များသည် လိုက်နာမှုပေါ့ လျော့နေသဖြင့် ကိုဗစ်-၁၉ရောဂါ လုံးဝကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အဆိုပါဆိုင်များအနေဖြင့် မိမိတို့ဆိုင်သို့ လာရောက်စားသောက်မည့် သူများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်ဆေးဘေစင်၊ လက်သန့်ဆေးရည်ထားရှိပေးခြင်း၊ စားသောက်စားပွဲများအား Physical distancing ခင်းကျင်းထားရှိ ခြင်း၊ စားပွဲများတွင် Partition ကော်ကြည်ပြား၊ ပလတ် စတစ်များ ခွဲခြားထားရှိခြင်း၊ ဆိုင်အား လေဝင် လေထွက်ကောင်းမွန်စေရန် စီစဉ်ထားရှိခြင်း၊ အစားအသောက် ပြင်ဆင်ရာ‌အခန်းအား ကျန်းမာရေးနှင့် ညီညွတ်မှုရှိစေရန် ပြင်ဆင်ထားခြင်း၊ ဆိုင်ဝန်ထမ်းများအား လိုအပ်သည့် ကာကွယ်ရေးအသုံးအဆောင် Mask၊ Face shield နှင့် လက်အိတ်များ ဝတ်ဆင်ထားခြင်း၊ ကိုဗစ်-၁၉ အသိပညာပေး ပိုစတာများ ချိတ်ဆွဲထားခြင်း၊ ငွေရှင်းကောင်တာအား ညွန်ကြားချက်များနှင့်အညီ ပြင်ဆင်ထား ရှိခြင်း၊ လိုအပ်ပါက စားသုံးသူများအား Mask များ ရောင်းချပေးနိုင်ရန် စီစဉ်ထားခြင်း၊ ဆိုင်ဝန်ထမ်းအိပ်ဆောင် များအား တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ စီစဉ်ထားခြင်း စသည့် ညွန်ကြားချက်များနှင့်အညီ ပြင်ဆင် ဆောင်ရွက်ထားခြင်းရှိ၊ မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးခဲ့ကြပြီး ညွန်ကြားချက်များနှင့် ညီညွတ်မှုရှိ/မရှိစစ်ဆေးပြီး လိုက်နာမှုမရှိပါက ပထမအကြီမ် သတိပေးခြင်း၊ ဒုတိယ အကြိမ် အနေဖြင့် (၃)ရက်ဆိုင်ပိတ်သိမ်းခြင်း၊ တတိယအကြိမ်အနေဖြင့် ဥပဒေအရ အရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)