အလုံ စက်တင်ဘာ ၂
ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်ကာ အလုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက် Page မှ Online အသိပညာပေး အစီအစဉ်ဖြင့် ပုံပြောပြခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲများစသည့် အစီအစဉ်များကို သတ်မှတ်နေ့များအလိုက် အပတ်စဉ် ဆောင်ရွက်ချက်ရှိရာ ယမန်နေ့ အင်္ဂါနေ့ တွင် လည်း ဉာဏ်စမ်းပဟေဠိ အဖြေညှိအစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အစီအစဉ်တွင် အထွေထွေဗဟုသုတ ဉာဏ်စမ်းမေးခွန်း(၇) ပုဒ်အား ဖြေဆိုရမှာဖြစ်ပြီး ပထမ ဦးဆုံး အဖြေမှန် ဖြေဆိုနိုင်သူ (၃)ဦးကို Face Shield ဆုလက်ဆောင်များ ပေးသွားမှာ ဖြစ်ကာ ဖြေဆိုသူများအနေဖြင့် အဖြေကို စာရွက်တစ်ရွက်ပေါ် တွင် ချရေးပြီး အဆိုပါစာရွက်ကို ဓါတ်ပုံရိုက်၍ comment မှာဖြေဆိုရမည်ဖြစ်သည်။
အဆိုပါ ဉာဏ်စမ်းပဟေဠိအဖြေညှိ အစီအစဉ်ကို နှစ်ပတ်လျှင် တစ်ကြိမ် အင်္ဂါနေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တင်တင်ချို ပြန်/ဆက်