ကလေးဝ စက်တင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနက နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများအား ယမန် နေ့က နန်းပင်းကျေးရွာအုပ်စုသို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့သည်။
ကလေးဝမြို့နယ် နန်းပင်းကျေးရွာအုပ်စုတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးဇော်လင်း၏ လမ်းညွှန်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနက ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေ မဖြစ် ပေါ်စေရန် ကြိုတင်ညှိနှိုင်း၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒ ရှင်စာရင်းတွင် ပါဝင်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား လိုအပ်သူများ နှင့် အိမ်ထောင်စု လူဦးရေးစာရင်းလိုအပ်သူများကို ကွင်းဆင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးလှထွေးထံမှ သိရသည်။
သက်ဟန်(ကလေးဝ)