ဒဂုံ စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ အများပြည်သူများ၊ စာဖတ်ပရိသတ်များ စာပေ ဗဟုသုတလေ့လာဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ဦးဝိစာရရပ်ကွက် တိုက်အမှတ် (၁၈)၊ အခန်း(၉)မှ ဒေါ်မေမြင့်သူက ယနေ့ နံနက် ၁၀ နာရီ က သုတ/ရသမျိုးစုံစာအုပ်များ လာရောက် လှူဒါန်းပေးခဲ့ရာ မြို့နယ်ဦးစီးမှူး ဒေါ်ဇာဖြူဝင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။
ယင်းသို့ လှူဒါန်းပေးရာတွင် ကျောင်းနေအရွယ် ကလေးငယ်များအတွက် ဗဟုသုတဖြစ်ဖွယ် (၃၈) ဖြာ မင်္ဂလာတရားတော် ရုပ်ပြများ၊ လူငယ်များအတွက် ဘဝဒဿနရသစာပေများ မျိုးစုံပါဝင်ကြောင်း သိရသည်။
မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့ လစဉ်စေတနာရှင် ပြည်သူများမှ လှူဒါန်းပေးမှုအပြင် သီးသန့်အလှူရှင်များမှလည်း လာရောက် လှူဒါန်းပေးသဖြင့် စာငှား/စာဖတ် ပရိသတ်များ ဖတ်၊ မှတ်လေ့လာချင်သည့် စာအုပ်၊ စာပေများ တိုးပွားလာမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)