ကောလင်းမြို့နယ်၌ CERP အစီအစဉ်ဖြင့် မိုးစပါးမျိုးသန့် မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်

ကောလင်း စက်တင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသအတွင်း CERP အစီအစဉ်ဖြင့် မိုးစပါးမျိုးသန့် မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်  ၁၀ နာရီ အချိန်က ကောလင်းခရိုင်စိုက်ပျိုးရေး ဦးစီးဌာနရုံး တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားတွင် ကောလင်းမြို့နယ် မြို့နယ်စီမံခန့်ခွဲမှူ ကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းက အမှာစကား ပြောကြားခဲ့ပြီး၊ ကောလင်းခရိုင် စိုက်ပျိုးရေး ဦးစီးဌာန ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံ ဒေါ်ဇာခြည်ဦးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှမြင့်တို့က CERP အစီအစဉ်ဖြင့် ဆောင်ရွက်နေသော မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်မည့် အစီအစဉ်များကို ရှင်းလင်း ပြောကြားခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသော တာဝန်ရှိသူများက မိုစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေများကို အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။ ကောလင်းမြို့နယ်အနေဖြင့် မြို့နယ်အတွင်း မိုးစပါး  မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ် ဧက ( ၄၅၀ ) စိုက်ပျိုးထားရှိပြီး ပထမ အရစ်အနေဖြင့် စိုက်ပျိုးစရိတ်၊မျိုးစေ့ဖိုးအဖြစ် မှော်ဘီ၊ ဆင်းဧကရီ-၃ စိုက်ပျိုးတောင်သူများ အတွက် တစ်ဧကလျှင် ၈၃၅၀၀ ကျပ်နှုန်း၊ ဧရာမင်း စိုက်တောင်သူများအတွက် တစ်ဧကလျှင် ၈၅၅၀၀ ကျပ်နှုန်း ထောက်ပံ့ပေးအပ်ခဲ့သည်။

ကောလင်းမြို့နယ်တွင် CERP အစီအစဉ်ဖြင့် ဧရာမင်း မိုးစပါး မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်စိုက်ကွက် ၂၅၀ဧကအတွက် တစ်ဧကလျှင် ၁၅၀၅၀၀ ကျပ်၊မှော်ဘီ ၁၆၀ ဧကနှင့် ဆင်းဧကရီ- ၃၄၀ ဧကအတွက် တစ်ဧကလျှင် ၁၄၈၅၀၀ ကျပ်နှုန်း ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)