ကော့သောင်းမြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ထုတ်ပြန်ကြေညာ

ကော့သောင်း စက်တင်ဘာ ၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ပေါ်ရှိ ရပ်ကွက်နှင့်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင်  ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ယမန်နေ့က ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

ကော့သောင်းမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီစုစုပေါင်း (၉) ပါတီရှိပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း (၆) ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း (၇) ဦး၊ တိုင်းဒေသကြီးအမှတ် (၁) လွှတ်တော်ကိုယ်စားလှယ်လောင်း (၉) ဦး၊ တိုင်းဒေသကြီးအမှတ် (၂) လွှတ်တော်ကိုယ်စားလှယ်လောင်း (၈) ဦး၊ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်လောင်း (၃၀) ဦးတို့မှ သက်ဆိုင်ရာလွှတ်တော်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံသွားမည်ဖြစ်ကြောင်း သိရသည်။

ကော့သောင်းမြို့အတွင်း  ရပ်ကွက် (၁၀) ရပ်ကွက်နှင့် ကျေးရွာပေါင်း (၁၇) ရွာရှိပြီး ပထမအကြိမ် မဲဆန္ဒရှင်စာရင်များအရ အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကျား (၅၁၄၈၁) ဦး၊ မ (၄၈၇၂၀) ဦး၊ စုစုပေါင်း (၁၀၀၂၀၁) ဦးရှိကြောင်းနှင့်  ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံ (၇၅) ရုံ သတ်မှတ်ထားရှိကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)