ကော့သောင်း စက်တင်ဘာ ၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကော့သောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အဖြစ် မျိုးစေ့ထုတ်လုပ်ငန်း စိုက်ပျိုးထုတ်လုပ်မည့်တောင်သူများအား မျိုးစေ့ဖိုးနှင့်စိုက်ပျိုးထုတ်လုပ်မှုစရိတ်များ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ကော့သောင်းခရိုင်၊ စိုက်ပျိုးရေးဦးစီးမှူးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်မှ စေတနာအမှန်ဖြင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်၍ တောင်သူများအနေဖြင့် အောင်မြင်အောင်အလေးထား ဆောင် ရွက်ကြရေးပြောကြားပြီး တောင်သူငါးဦးအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အဖြစ် တာဝန်ရှိသူများက မျိုးစေ့ဖိုးနှင့် စိုက်ပျိုးထုတ်လုပ်မှုစရိတ်များ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)