ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

တံတား စက်တင်ဘာ ၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့ပေါ်ရပ်ကွက်များရှိ (၂)လ သား မှ အသက်(၁)နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက် မှုအနေဖြင့် လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းများကို  ယမန်နေ့ နံနက် ၈ နာရီက စတင်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များနှင့် အညီ စနစ်တကျ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ကျန်းမာရေးမှူး ဒေါ်မြတ်သင်းခိုင် မှ ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများက ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်း ပေးခြင်း၊ (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်ရောဂါ စသည့်(၅)မျိုးစပ် ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပိုလီယိုအစက်ချဆေး တိုက်ကျွေးခြင်း တို့အပြင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာ ရေးစစ်ဆေးပေးခြင်းနှင့် မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းတို့ကို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် တစ်ပြိုင်တည်း ထိုးနှံတိုက်ကျွေး ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

တင်နိုင်ဝင်း (တံတား)