စမ်းချောင်း စက်တင်ဘာ ၂
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ လင်းမြောက်ရပ်ကွက်၊ မြသီတာလမ်း ယာယီပျံကျစျေးအတွင်း ယနေ့နံနက် ၈ နာရီခန့်က ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရန် အတွက် စျေးရောင်းသူနှင့် စျေးဝယ်သူများကို နှာခေါင်းစည်း (mask) များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ နှာခေါင်းစည်း (mask) များ အခမဲ့ဖြန့်ဝေခြင်းကို စမ်းချောင်းမြို့နယ်စည်ပင်သာယာမှ ဝန်ထမ်းများနှင့် "ဝင်းမေတ္တာ" လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန် အတွက် ပြည်သူများအနေဖြင့် နှာခေါင်းစည်း (mask) များ စနစ်တကျတပ်ဆင်ရန်၊ အသုံးပြုပြီးပါကလည်း စနစ်တကျ စွန့်ပစ်ကြရန်အတွက် အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ခင်ချောစုဝင်း(ပြန်/ဆက်)