ဟုမ္မလင်း စက်တင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသိပညာပေးခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၇ နာရီတွင် ဟုမ္မလင်းမြို့၊ မြို့မဈေး၊ ကမ်းနားလမ်းနှင့် မြိုပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြန့်ပွားမှုမရှိစေရေးအတွက် အသိပညာပေးခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေခြင်းကို ဟုမ္မလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး (၁) ဦးတင်မောင်ဝင်းဦးဆောင်၍ မြို့နယ်ကျန်းမာရေးမှူးအသင်းနှင့် ပြည်သူ့ကျန်းမာရေး ကြီးကြပ် အသင်းတို့မှ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ချန်လော (ဟုမ္မလင်း)