လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ရေးလုပ်ငန်းမှ မီတာဖတ်ရှုမှု မှန်ကန်စေရေး ပြည်သူသို့ အသိပေးလက်မှတ်ရေးထိုးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရန်နှင့် ဂရုပြုဆောင်ရွက်ကြရန် လျှပ်စစ်ဝန်ထမ်းများကို မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံး၌ မြို့နယ်လျှပ်စစ်မန်နေဂျာမှ ယမန်နေ့ နံနက်(၇)နာရီအချိန်က မှာကြား ဆောင်ရွက်ခဲ့သည်။
ထိုသို့ မှာကြားဆောင်ရွက်ရာတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေး ဂရုပြုဆောင်ရွက်ကြရန် စာရေးဝန်ထမ်းများ အနေ ဖြင့် တစ်အိမ်တက်ဆင်း မီတာဖတ်ရူရာ၌ နှာခေါင်းစည်း (Mask)များ တပ်ဆင်ကြရန်၊ လက်ကို မကြာ ခဏဆေးကြောရန်၊ မြို့နယ်အတွင်း ဓာတ်အားသုံးစွဲမှု ယူနစ်များ ပပျောက်မှုမရှိစေရန်၊ တိကျမှန်ကန်စွာ ကောက်ယူနိုင်ရန်အတွက် ပြည်သူလူထုနှင့်အတူ မှန်ကန်သော မီတာယူနစ်များ အတည်ပြုနိုင်ရန်၊ ကြိုးပမ်း ဆောင်ရွက်ကြရန်နှင့် လျှပ်စစ်မီတာသုံးစွဲသူများကို မီတာဖတ်ရှုပြီးနောက် ပြည်သူများ လက်မှတ်ရေးထိုးခြင်းများ ပြုလုပ် ဆောင်ရွက်ကြရန် မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးလှမြင့်က လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ ကူးစက်မှု မရှိစေရန်၊ လျှပ်စစ်မီတာဖတ်ရှုရာတွင် မှန်ကန်စေရန်နှင့် ဂရုပြုဆောင်ရွက်ကြရန် မှာကြားဆောင်ရွက်ကြောင်း သိရှိရသည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)