တောင်တွင်းကြီးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ တိုင်း‌‌ဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ရသာရုံ မြောင်းအား ပြန်လည်ပြင်ဆင်ဆောင်ရွက်

တောင်တွင်းကြီး စက်တင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ တိုင်းဒေသကြီး ခွင့်ပြု ရန်ပုံငွေဖြင့် ရသာရုံမြောင်းအား ပြန်လည်ပြင်ဆင် တူးဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ၅၀% ခန့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ရေမြောင်းအရှည် ၂၂၃၀ပေ၊ အကျယ် ၇ပေ၊ အမြင့် ၆ပေ ဖြစ်ပြီး တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ကျပ် ၁၅၃၀ သိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။ အဆိုပါရေမြောင်း သည် ရေစီးအားနည်းကာ ရေဝပ်ခြင်းများ ဖြစ်ပေါ်နေပြီး ရေမြောင်းအနီးနေထိုင်သူ မိဘပြည် သူများ၏ ကျန်းမာရေးထိခိုက်မှုများ ရှိနေသည့်အတွက် အမြန်ဆုံး အကောင ်အထည်ဖော် ဆောင်ရွက်နေကြောင်း မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့မှ သိရသည်။

မြို့နယ်(ပြန်/ဆက်)