သာကေတ စက်တင်ဘာ ၃
ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်နိုင်စေရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော အသိပညာပေးခြင်းနှိုးဆော်ချက်များအား ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက် ပေါင်း(၁၉)ရပ်ကွက်တွင် ညစဉ်လှည့်လည် ကြေညာပေးခြင်း များကို မြို့နယ်အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်ပေး လျက်ရှိပါသည်။
ထိုသို့ကြေညာရာတွင် မြို့နယ်အတွင်းရှိ ပြည်သူများအား လက်များအား မကြာခဏဆေးကြောကြရန်၊ အပြင်သို့သွားလျှင် Mask များ တပ်ဆင်သွားလာကြရန်၊ ပြည်ပမှဝင်ရောက်လာ သူများနှင့် ရခိုင်ပြည်နယ်မှ ဝင်ရောက်လာသူများရှိပါက သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့အချိန်နှင့် တပြေးညီ သတင်းပေးပို့ကြရန်၊ စားသောက်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏လမ်း ညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် ဒေသန္တရအမိန့်များကို မလိုက်နာ ပါက တည်ဆဲဥပဒေများဖြင့် အရေးယူခံရမည်ဖြစ်ကြောင်းကို ပြည်သူများသိရှိနိုင်ရန် ကြေညာဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ကိုဘုန်း(ပြန်/ဆက်)