နတ်မောက်မြို့နယ်တွင် ငွေဗိုက် (Ngwe Bike) Application တွင် စားရင်းပေးသွင်းခြင်းများ ဆောင်ရွက်

နတ်မောက်  စက်တင်ဘာ   ၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကိုဗစ်-၁၉ ကာလအတွင်း ကိုယ်ဝန်ဆောင် မိခင်များအတွက် ငွေကျပ်သုံးသောင်း တစ်ကြိမ် ထောက်ပံ့ပေးနိုင်ရေးအတွက် နတ်မောက်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်များ အား ထောက်ပံကြေး ငွေရယူနိုင်ရန် Google Play Storeနှင့် Apple Store တို့တွင် ငွေဗိုက်(Ngwe Bike) Application ကို download ရယူပြီး စာရင်းပေးသွင်းနိုင်ကြောင်းနှင့် နားလည်မှုမရှိပါက လူမှုဝန်ထမ်းဦးစီးဌာန၊ နတ်မောက်မြို့ နေ့ကလေးထိန်းကျောင်းတွင် လူကိုယ်တိုင် အထောက်အထားနှင့်တကွ စာရင်းလာရောက်သွင်းပါက လူမှုဝန်ထမ်း ဦးစီးဌာန ဝန်ထမ်းများမှ ဖုန်း Application အတွင်း စာရင်းရေး သွင်းပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါငွေဗိုက် (Ngwe Bike) Application တွင် စာရင်းသွင်းပေး နေမှုနှင့်ပတ်သက်ပြီး နတ်မောက်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်သွယ်သယ်အေးက ကိုယ်ဝန်ဆောင် မိခင်များ စာရင်းပေးရာတွင် အဆင်ပြေချော့မွေ့အောင် ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် ယခုထောက်ပံ့ငွေသည် Covid-19 ကာလအတွင်း တစ်ကြိမ်သာ ထောက်ပံသော ငွေကြေး ဖြစ်ကြောင်း ထောက်ပံ့ကြေးလျှောက်ထားရက်မှာ သြဂုတ်လ ၁ ရက်နေ့မှ စက်တင်ဘာ ၁၅ ရက်နေ့ထိသာဖြစ်သဖြင့် Application တွင် မိမိအစီအစဉ်ဖြင့် ဖြစ်စေ လူမှုဝန်ထမ်းဦးစီးဌာန၏ အကူ အညီဖြင့်ဖြစ်စေ အထောက်အထားခိုင်ခိုင်လုံလုံဖြင့် လျောက်ထားနိုင်ကြောင်း သိရသည်။  

သြဂုတ် ၁ရက်နေ့မှ စက်တင်ဘာ ၁၅ ရက်အတွင်းမွေးဖွားသည့် ကိုယ်ဝန်ဆောင်များသည် ငွေဗိုက် အစီအစဉ်တွင် အကြုံးဝင်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရ သည်။

သင်းသင်းဝေ ( နတ်မောက်)