စမ်းချောင်း စက်တင်ဘာ ၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ယမန်နေ့ နေ့လယ် (၁)နာရီခန့်အချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့သို့ ဗားကရာလမ်းမ ပေါ်ရှိ Spirit မိသားစုမှ Mask များနှင့် PPE ဝတ်စုံများ လာရောက်လှူဒါန်းခဲ့ကြသည်။
ထို့သို့လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန် Mask (၅၀)ပါ ဘူး(၁၀၀)၊ Personal Protective Equipment(PPE) (၁၀) စုံတို့အား ပေးအပ်လှူဒါန်းခဲ့ရာ စမ်းချောင်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦး၊ စမ်းချောင်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်တို့မှ လက်ခံရယူခဲ့ ကြောင်း သိရှိရသည်။
ခင်ချောစုဝင်း(ပြန်/ဆက်)