ပင်လောင်း စက်တင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယမန် နေ့ မွန်းလွဲက ၃ နာရီအချိန် ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့်က နေရပ်ပြန်ပြည်သူများ ပြန်လည်ရောက်ရှိ လာမည်ဖြစ်သည့် အတွက် Facility Quarantine Center စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေးက Facility Quarantine Centerနှင့် Home Quarantine တို့တွင် နေထိုင်ကြမည့် နေရပ်ပြန်ပြည်သူများ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ နေထိုင်ကြရေး တာဝန်ရှိသူ များက ကြပ်မတ်ဆောင်ရွက်ပေးနိုင်ရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပေါင်းလောင်းမြို့အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း၊ နောင်တရားမြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်း၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးဝင်းနိုင်ဦးတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်လျက် ရှိသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အသိပညာပေးလုပ်ငန်းများကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးနိုင်လင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်နိုင်သည့် ဥပဒေဆိုင်ရာပြဋ္ဌာန်းချက် များကို ရှင်းလင်း ပြောကြားခဲ့ကြပြီး၊ အစည်းအဝေးသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်