တွံတေး စက်တင်ဘာ ၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေး မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အဖြစ် မျိုးစေ့ထုတ် လုပ်ငန်း စိုက်ပျိုး ထုတ်လုပ်မည့် တောင်သူများအား မျိုးစေ့ဖိုး နှင့် စိုက်ပျိုးထုတ်လုပ်မှုစရိတ်များ ယမန်နေ့ နေလယ်ပိုင်း ၁ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် တွံတေးမြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦးက အဖွင့် အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးခင်မောင်ဦးက CERP အရ ၂၀၂၀ မိုးစပါး (RS-CS) မျိုးသန့်မျိုးစေ့ထုတ် တောင်သူများ အား နိုင်ငံတော်မှ စေတနာအမှန်ဖြင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်၍ တောင်သူများ အနေဖြင့် အောင်မြင်အောင် အလေးထား ဆောင်ရွက် ကြရေး ပြောကြားပြီး တောင်သူ(၃၇)ဦး ဧက(၄၃၆)အတွက် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီ အစဉ်အဖြစ် တာဝန်ရှိသူ များက မျိုးစေ့ဖိုးနှင့် စိုက်ပျိုးထုတ်လုပ်မှုစရိတ်များ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)