ကော့မှူး စက်တင်ဘာ ၃
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ရွေ့လျားစာကြည့်တိုက် မော်တော် ယာဉ်များ အပြင်ဌာနဆိုင်ရာရုံးများအား ယနေနံနက်က ရွေ့လျား စာကြည့်တိုက်စနစ်ဖြင့် စာအုပ်များလက်ဝယ်အရောက် ကွင်းဆင်းဆောင်ရွက် ငှားရမ်း ပေးနေကြောင်း သိရသည်။
အဆိုပါရွေ့လျားစာကြည့်တိုက် စနစ်ဖြင့်စာအုပ်စာစောင်ငှားရမ်းပေးရာတွင် မြို့နယ်ဗဟိုစာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေဝါသနာရှင် များအား လေ့လာဖတ်ရူနိုင်စေရန်နှင့် စာဖတ်ရှိန်မြှင့်မားတိုးတက်စေရန် ရည်ရွယ်၍မြို့နယ် မီးသတ်ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် စီမံကိန်းဦးစီးဌာနရုံးများအား သွားရောက်ငှားရမ်းပေးခဲ့ကြသည်။
အဆိုပါစာအုပ်စောင်ငှားရမ်းခြင်းများကို ကော့မှူးမြို့နယ်အတွင်းရှိ ရုံးဌာနများသို့တစ်ပတ်လျှင် (၁)ကြိမ် အလှည့်ကျ စာအုပ်အသစ်များဖြင့် လဲလှယ် ငှားရမ်းခြင့်နှင့် ရပ်ကွက်ကျေးရွာများတွင် လည်းစာအုပ် စာစောင်များ အားနေစဉ် လိုက်လံငှားရမ်းဆောင်ရွက်ပေးနေကြောင်းသိရသည်။
ကျော်သူရ (ကော့မှူး)