မအူပင်မြို့နယ်တွင်(CERP Plan)အရမျိုးစေ့ထုတ် စိုက်ပျိုးဧက(Rs toCs)စပါးခင်းများတွင် မျိုးကွဲအပင်များထုတ်ပယ်ခြင်း သရုပ်ပြပွဲဆောင်ရွက်

မအူပင်  စက်တင်ဘာ  ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ငါးကြီးဂရက်ကျေးရွာ တောင်သူဦးချစ်သိန်း၏ ကွင်းအမှတ် (၇၅၄) စိုက်ဧက (၁၁)ဧကတွင် မျိုးစေ့ထုတ်စိုက်ပျိုးသည့် ဆင်းသုခမျိုးစပါးစိုက်ခင်းအတွင်း မျိုးကောင်းမျိုးသန့် ရရှိစေရန်အတွက် အခြားမျိုးကွဲအပင်များ ထုတ်ပယ်ခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။

မအူပင်မြို့နယ် ငါးကြီးဂရက်ကျေးရွာ တောင်သူဦးချစ်သိန်း၏ ကွင်းအမှတ် (၇၅၄)စိုက်ဧက (၁၁) ဧကတွင် (CERP Plan)အရ မျိုးစေ့ထုတ်စိုက်ပျိုးဧက(RstoCs) စပါးခင်းအတွင်း မျိုးကောင်း မျိုးသန့်ရရှိစေရန်အတွက် မျိုးကွဲအပင်များ ထုတ်ပယ်ခြင်းသရုပ်ပြပွဲသို့ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်မန်နေဂျာ ဒေါ်သန်းစိန် ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်နှင်းနှင်း၊ မြို့နယ်စိုက်ပျိုးရေးတာဝန်ခံ ဦးသာအေး မြို့နယ်မျိုးစေ့တာဝန်ခံ ဒေါ်ခင်ခင်ချိုနှင့် ငါးကြီးဂရက်စိုက်ပျိုးရေးစခန်းတာဝန်ခံ ဦးကျော်မိုးနှင့် ဝန်ထမ်းများ တောင်သူများ တက်ရောက်ကြပြီး တောင်သူ ဦးချစ်သိန်း၏ ဆင်းသုခ စိုက်ဧက(၁၁)ဧက အတွင်းတွင် မျိုးသန့်စပါး ရရှိစေရေးအတွက် မျိုးကွဲစပါးအပင်များအား ထုတ်ပယ်ခြင်း သရုပ်ပြပွဲဆောင်ရွက် ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး တာဝန်ခံဦးသာအေးထံမှ သိရသည်။

အောင်ခိုင် (မအူပင်)