မင်းကင်း စက်တင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နှင့် မင်းကင်းမြို့၏ မြောက်ဘက်ကျေးရွာများသို့ ဆက်သွယ်ထားသော ကားလမ်းပေါ်ရှိ ရေဘုတ်ချောင်း တံတား ကမ်းကပ်ခုံ တစ်ဘက် မြေကျွှံ နိမ့်ကျမှု ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။
အဆိုပါတံတားသည် မင်းကင်းမြို၏ မြောက်ဘက် တစ်ဖာလုံခန့် အကွာတွင် ရှိပြီးချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် မင်းကင်းဘက်ခြမ်းရှိ တံတား ချဉ်းကပ်ခုံ မြေကျွှံကာနိမ်ကျ၍ တံတားဘောင် ယက်မပြုတ်ကာ ကြမ်းခင်းများပါ ကွေးညွတ်နေပြီး ကုန်တင်ကားများ သွားမရတော့ သဖြင့် မင်းကင်းမြို့နှင့် ယင်းမြို့၏ မြောက်ဘက်ပိုင်ကျေးရွာများ ကုန်စည် စီးဆင်းမှု ကြန့်ကြာ လျက် ရှိကြောင်းသိရသည်။
၎င်းတံတားမှာ အရှည်ပေ (၁၁၅)၊ အနံ(၁၄)ပေ၊ အမြင့်(၂၀)ပေ ရှိပြီး လှူဒါန်း ငွေ(၁၁၆)သိန်းဖြင့် တည်ဆောက်ထားကြောင်း သိရသည်။
လှငွေ(မင်းကင်း)