မိုင်းဆတ် စက်တင်ဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ Quarantine ထားရှိသူ (၁၄)ဦး၏ Swab နမူနာအား ဓာတ်ခွဲခန်းသို့ ပို့ဆောင် စစ်ဆေးရန် ကျိုင်းတုံမြို့သို့ ပို့ဆောင်ထားကြောင်းသိရသည်။
Quarantine ရန်ကုန်မြို့မှပြန်လာသူ အမျိုးသမီး (၅)ဦး၊ အမျိုးသား(၃)ဦး၊ ရခိုင်ပြည်နယ်မှ မိုင်းဆတ်မြို့သို့ တာဝန် ထမ်းဆောင်ရန်ပြောင်းရွှေ့လာသည့် အမျိုးသား(၃)ဦး၊ ထိုင်းနိုင်ငံမှ ပြန်လာသည့် အမျိုး သမီး(၂)ဦးနှင့် အမျိုးသားတစ်ဦး စုစုပေါင်း (၁၄)ဦးတို့၏ အာခေါင်တို့ပတ်၊ နှာခေါင်းတို့ပတ် နမူနာများကို ယမန်နေ့ ညနေ (၃)နာရီက ကျန်းမာရေးဝန်ထမ်းများက ရယူခဲ့ပြီး ဓာတ်ခွဲ စစ်ဆေးရန် ယနေ့ နံနက်ပိုင်းတွင် ကျိုင်းတုံမြို့သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မြင့်မောင်(ပြန်/ဆက်)