ဒေးဒရဲမြို့၌ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေး

ဒေးဒရဲ   စက်တင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀နာရီတွင် ကျင်းပခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်ဝင်းက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အငြင်းပွားမှု ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အချိန်မှီ ဖြေရှင်းဆောင်ရွက် နိုင်ရန်အတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီကို အသစ်ဖွဲ့စည်း ရခြင်းဖြစ်ကြောင်း၊ ကော်မတီ၏လုပ်ငန်းတာဝန်များ၊ ကော်မတီ၏သက်တမ်း၊ ဖြေရှင်းဆောင်ရွက်နိုင်သည့် ကိစ္စရပ်များနှင့် စေ့စပ်ညှိနှိုင်းရာတွင် ဆောင်ရွက်ရမည့်အချက်များအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာကြသည့် ကော်မတီဝင်များက သိရှိလိုသည်များအား ပြန်လည်မေးမြန်းခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့   မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီများမှတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများ တက်ရောက်ကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)