ရန်ကုန် စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ဥက္ကလာပ စေတီတော်ဝင်းအတွင်း ရှိသော ယောဂီ အဆောင်အား Quarantine Center အဆောင်အဖြစ် ထားရှိရန်အတွက် ယမန်နေ့ နံနက်(၈) နာရီအချိန်က သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Quarantine Center အဆောင်အဖြစ် ထားရှိမည့် ယောဂီ အဆောင် ပတ်ဝန်းကျင် သန့်ရှင်းစေရန်၊ လေဝင်လေထွက် ကောင်းစေရန်နှင့် အလင်းရောင်ရစေရန် ခြုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင် ရှင်းလင်းခြင်း၊ ယောဂီအဆောင်အတွင်း၌လည်း သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ပြီး လိုအပ်သောနေရာများတွင် သဲအိတ်များ ခင်းခြင်းကိုလည်း ဆောင်ရွက်ခဲ့သည်။
ထိုသို့သန့်ရှင်းရေးဆောင်ရွက်မှုအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ် အရန် မီးသတ်တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး၊ တပ်ခွဲမှူးများ၊ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ စုစုပေါင်း အင်အား(၃၀)ဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)