ပုသိမ်မြို့တွင် မျိုးစေ့ထုတ်တောင်သူများအား မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် မြေသြဇာစနစ်တကျ သုံးစွဲရေး အသိပညာပေး

ပုသိမ်  စက်တင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြက်တိုရပ်ကွက်၊ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန ရုံးခန်းမတွင် ယမန်နေ့ နံနက် နာရီခွဲက မျိုးစေ့၊ ပိုးမွှားနှင့်မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြေသြဇာ စနစ်တကျ သုံးစွဲရေး အသိပညာပေး ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေး တာဝန်ခံအရာရှိ ဒေါ်စန်းစန်းဝင်း က မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြေသြဇာ စနစ်တကျ သုံးစွဲရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မျိုးစေ့တာဝန်ခံ ဒေါ်လွင်မာမြင့်က စီးပွားဖြစ် မျိုးသန့်၊ မျိုးစေ့ပွားများ ထုတ်လုပ်ခြင်းနှင့် ပိုးမွှားတာဝန်ခံ ဒေါ်ကပ်စီးယား က စပါးနှံတွင် ကျရောက်တတ်သော ပိုးမွှားများနှင့် ဘက်စုံနှိမ်နင်းနည်းများ အကြောင်းကိုလည်းကောင်း ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

အသိပညာပေး ဆွေးနွေးပွဲသို့ ပုသိမ်မြို့နယ်အတွင်းရှိ မျိုးစေ့ထုတ်လုပ်သည့် တောင်သူများ တက်ရောက်ခဲ့ကြပြီး စိုက်ပျိုးရေး တောင်သူများ အနေဖြင့် စပါးနှင့် အခြားစားသုံး သီးနှံများ စိုက်ပျိုးရာတွင် အထွက်နှုန်း တိုးတက်ပြီး၊ မျိုးကောင်းမျိုးသန့်များ ထွက်ရှိကာ၊ ရောဂါကျ ရောက်မှုများမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် နှိမ်နင်းမှုများ ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနက တာဝန်ရှိသူက ပြောကြားခဲ့သည်။

မြင့်ဟန် (ပြန်/ဆက်)