တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးအတွက် ပိတ်ဆို့ရှာဖွေရေးလုပ်ငန်းများဆောင်ရွက်

 

ဆီဆိုင်     စက်တင်ဘာ   ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သီဟန် ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ယမန်နေ့  ည ၁၀ နာရီမှ ၁၂ နာရီထိ ပိတ်ဆို့ရှာဖွေရေးလုပ်ငန်း များကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အများပြည်သူလုံခြုံရေး၊ မှုခင်းကြိုတင်ကာကွယ်ရေး၊ တရားဉပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်ရေးနှင့် ခိုး၊ ဆိုး၊ လု၊ နိုက်များမဖြစ်ပွားစေရေးတို့အတွက် လူသွားလူလာ များသည့် ဆီဆိုင် မြို့မ ဈေးတောင်ဘက်လမ်းဆုံ၊ တောင်ကြီး-ဆီဆိုင်-လွိုင်ကော် ပြည်ထောင်စု လမ်းမကြီးနှင့် လမ်းဆုံ လမ်းခွ နေရာများတွင် တရားမဝင် မူးယစ်ဆေးဝါး၊ တုတ်၊ ဓား၊ လက်နက် ကိုင်ဆောင်မှုမရှိစေရေး၊ Covid-19 ကာလ အတွင်း ညမထွက်ရအမိန့်အား မြို့ခံပြည်သူများ လိုက်နာမှုရှိ/မရှိ၊ စားသောက်ဆိုင်၊ KTV များ တရား မဝင် ဖွင့်လှစ်ထားခြင်း ရှိ/မရှိ လိုက်လံစစ်ဆေး လျက်ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သီဟန်ထံမှ သိရသည်။

တရားဉပဒေစိုးမိုးရေးနှင့် ပြည်သူများဘေးကင်းလုံခြုံရေးအတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)