ဟိုပုံး စက်တင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အတွက် တာဝန်ရှိသူများက နှာခေါင်းစည်း (mask) တပ်ဆင်ရေး လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက သီရိမင်္ဂလာရွှေ ချမ်းသာ မွေတော်ဘုရားကြီးရှေ့နှင့် လမ်းဆုံတွင် လမ်းသွားလမ်းလာ ခရီးသွားပြည်သူများအား မြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ မြို့တွင်းလှည့်လည် စိစစ်ရေး ကော်မတီမှ တာဝန်ရှိသူများက အပြင်ထွက်တိုင်း မဖြစ်မနေ နှာခေါင်းစည်း (mask) တပ်ဆင်ဖို့မမေ့ကြရန် အသံချဲ့စက်ဖြင့် နေ့စဉ် အသိပညာပေး ပြောကြားခြင်းနှင့် နှာခေါင်းစည်း (mask) မတပ်ဘဲ သွားလာနေကြသူများကို ယခုဝယ်၊ ယခုတပ်စေခြင်းဖြင့် ပညာပေးခဲ့ကြ ကြောင်း သိရသည်။
အဆိုပါ နှာခေါင်းစည်း(mask)များ တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှုကို မြို့နယ်အုပ်ချုပ် ရေးမှူး ဦးနန်းတင့်၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဌာနမှူး ဒေါက်တာမောင်မောင်သိန်း၊ မြို့နယ်စည်ပင်သာယာ ရေး ဌာနအမှုဆောင် အရာရှိ ဦးမောင်မောင်မြင့်၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ ဝန်ထမ်း တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။
နေမင်းထွန်း(ဟိုပုံး)