မော်လိုက်မြို့၌ COVID-19 ရောဂါ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအတွက် ငွေကြေးထောက်ပံ့မှု အစီအစဉ်ရရှိရန် ဆောင်ရွက်ပေး

မော်လိုက် စက်တင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား COVID-19 ရောဂါကာလအတွင်း ငွေဗိုက်အပလီ ကေးရှင်း ဖြင့် ငွေကြေးထောက်ပံ့မှုအစီအစဉ်များတွင် ပါဝင် နိုင်ရေးအတွက် မော်လိုက်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ စာရင်းကောက်ယူ၍ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

 “ကျွန်မတို့ မော်လိုက်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များ ငွေဗိုက်အပလီကေးရှင်းဖြင့် ငွေကြေးထောက်ပံ့မှု အစီအစဉ်တွင် ပါဝင်လျှောက်ထား နိုင်ရန် အဆင်မပြေသူများအတွက် ၎င်းတို့ကိုယ်စား စာရင်းသွင်းပေးနေခြင်း ဖြစ်ကြောင်း၊ ရုံးသို့ လာရောက်၍ ငွေကြေးထောက်ပံ့မှုအစီအစဉ်လျှောက်ထားသူအနေဖြင့် ယနေ့နေ့လည်ပိုင်းအထိ (၃၆၀)ဦးရှိကြောင်း၊ ငွေကြေးထောက်ပံ့မှုအစီအစဉ်ရယူလိုသည့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် လျှောက်ထားလိုပါက သြဂုတ်လ(၁)ရက်မှ စက်တင်ဘာ(၁၅) ရက်အတွင်း ကိုယ်ဝန်ရှိကြောင်း ကျန်းမာရေးဌာန/ ပုဂ္ဂလိကဆေးရုံ/ ဆေးခန်းများမှ ထုတ်ပေးထားသော ကျန်းမာရေး စောင့်ရှောက်မှု မှတ်တမ်း၊ မှတ်ပုံတင်၊ ဖုန်းနံပါတ်စသည်တို့အား ယူဆောင်လာရမည်ဖြစ်ပြီး ကိုယ်ဝန်ရှိသော အမျိုး သမီးတိုင်းနှင့် သြဂုတ်လ(၁) ရက်နောက်ပိုင်း ကလေးမီးဖွားပြီးသည့် မိခင်များပါ အကျိုးခံစားခွင့်ရှိပါ ကြောင်း၊ စာရင်းကောက်ယူခြင်းကို စက်တင်ဘာလ ၁၅ ရက်နေ့အထိ သတ်မှတ်ပေးထားကြောင်း၊ မြို့နယ်အတွင်းရှိ အကျိုးခံစားခွင့်ရှိသူအားလုံး မကျန်ရှိစေရေးအတွက်ကိုလည်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး မှူးများအား အသိပေးအကြောင်းကြားထားပြီး၊ လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးထားကြောင်း” မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချစ်ထက်ထက် ပြောကြားချက်အရ သိရသည်။

အဆိုပါ ငွေဗိုက်အပလီကေးရှင်းဖြင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် ငွေကြေးထောက်ပံ့ ပေးမှုအစီအစဉ်ကို နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပြည်သူလူထု၏ လူမှုစီးပွား ဘဝများအပေါ်သက်ရောက်မှုများအား လျော့ပါးသက်သာစေရန် ရည်ရွယ်ချက်ဖြင့် ထောက်ပံ့ ပေး ခြင်းဖြစ်ကြောင်းနှင့် ငွေကြေးထောက်ပံ့မှုအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) (၁)ကြိမ်သာ ရရှိမည်ဖြစ်ကြောင်း ၎င်းထံမှသိရသည်။

မော်လိုက်သားလေး