စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ကျေးလက်မီးလင်းရေးအတွက် ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ကျေးရွာလျှပ်စစ်ဓာတ်အား ရရှိရေး အတွက် ၄၀ဝ ဗို့လိုင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း မှ သိရသည်။

မိုင်းဆတ်မြို့၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အထူးရဲ(၅၈)ဦးခန့်အပ်မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေး တာဝန် ထမ်းဆောင်ရန် အထူးရဲ(၅၈)ဦးခန့်အပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ကျိုက်လတ်၌ ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးခွင့်နှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ယနေ့နံနက်(၁၀) နာရီက ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံး ခွင့်နှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ရပ်စောက်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ (HPV) ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ပို့ချ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ (HPV) ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်း သင်တန်းပို့ချချက်ကို ယနေ့နံနက် (၉)နာရီ က မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလေးမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးခြင်းနှင့် လက်ကမ်း စာစောင်များအခမဲ့ဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အတွင်းရှိ ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်း စေရေးအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များကို အမှတ်(၁၀၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ယနေ့နံနက် ၈နာရီအချိန်က ဘူတာမီးပွိုင့်အနီးနှင့်လူစည်ကားရာနေရာများတွင် ဖြတ်သန်းသွား လာနေသော ပြည်သူများအား အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

မအူပင်ခရိုင်၌ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား မဲဆွယ်စည်းရုံးရာတွင် သိသင့်သည်များရှင်းလင်း ဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မအူပင်ခရိုင်အတွင်း ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအား မဲဆွယ်စည်းရုံးရာတွင် သိသင့်သည်များ ရှင်းလင်းဆွေးနွေးတွေ့ဆုံခြင်းကို မအူပင်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၌ ယနေ့နံနက် ၁၀ နာရီက စတင်ပြုလုပ်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ်၊ သရက်ခုံကျေးရွာမှ ရခိုင်ပြည်နယ်ပြန်လာသူအမျိုးသားတစ်ဦးနှင့် ၎င်း၏ အမျိုးသမီး အား ဓာတ်ခွဲနမူနာရယူ စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိရကြောင်း သိရ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ သရက်ခုံကျေးရွာမှ ကုက္ကိုကုန်းတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ရခိုင်ပြည်နယ်မှပြန်လာသူ အသက်(၃၇)နှစ်အရွယ်အမျိုးသားနှင့် အသက်(၃၆)နှစ် အရွယ် ၎င်း၏ဇနီးဖြစ်သူတို့၏ ဓာတ်ခွဲနမူနာများကို စက်တင်ဘာလ (၁)ရက်နေ့က ရယူစစ်ဆေးခဲ့ကြောင်း တောင်တွင်းကြီးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဆီဆိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ နေ့စဉ်မပြတ် ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဆီဆိုင်မြို့အဝင်ပေါက်၌ ဝင်/ထွက်သွားလာသော ရဟန်းရှင်လူမိဘပြည်သူများအား နေ့စဉ်မပြတ်ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသော ပြည်သူများအား ဒဏ်ကြေးပေးဆောင်စေခြင်း၊ မှတ်တမ်းကောက်ယူခြင်းနှင့် အသိပညာပေးလုပ်ငန်းများ နေ့စဉ်မပြတ် ဆောင်ရွက်လျက်ရှိသည်။

ကျီခါးမြို့ စိုက်ပျိုးရေးဦးစီးဌာန၌ (Green House ) ပိုးမွှားလုံအဆောက်အဦ ဆောက်လုပ်လျက်ရှိ

ချင်းပြည်နယ်၊ ကျီခါးမြို့၊ စိုက်ပျိုးရေးဦးစီးဌာနတွင် (Green House) ပိုးမွှားလုံအဆောက်အဦ ဆောက်လုပ် လျက်ရှိကြောင်း သိရသည်။

ရေနံချောင်းမြို့မဈေးကြီးနှင့် ရတနာဈေးထိပ်လမ်းမကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေး

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပထွက်ခွာသွားလာသူတိုင်း မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်သွားလာကြရန် အသိပညာပေးခြင်းနှင့် နှားခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲက မြို့မဈေးကြီးနှင့် ရတနာဈေးထိပ်လမ်းမကြီး တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
Subscribe to