လွိုင်ကော် စက်တင်ဘာ ၄
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိစေရေးအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေး သော မဲဆန္ဒရှင်ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိစေရေး အတွက် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက် များနှင့်အညီ သစ္စာစီမံချက်ဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ လွိုင်ကော်မြို့နယ် ဦးစီးမှူးရုံး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာ အုပ်စု၊ (၃)မိုင် ပကျဲစံပြကျေးရွာ ခန်းမဆောင်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ် လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦး ဦးဆောင်သော ဝန်ထမ်းတို့က (၁၈)နှစ်ပြည့် (၁)ဦး၊ (၁၈)နှစ်ပြည့် လဲလှယ် (၅၃)ဦး၊ ပျောက်ဆုံး/မိတ္တူ (၆)ဦး ၊ စုစုပေါင်း (၆၀)ဦး တို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ပြုလုပ်ပေးခဲ့ပြီး ကယားပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်း ဆက်သွယ် ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာ၊ ဝန်ကြီး ဦးခင်မောင်ဖြူ၊ လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစန်းဝေနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်းတို့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)